တရုတ်-ထိုင်း ရေတပ် ပူးတွဲစစ်ရေးလေ့ကျင့်မှု “Blue Assault-2025” ပြုလုပ်မည်

Xinhua, April 2, 2025
Size:

တရုတ်၊ ထိုင်း နှစ်နိုင်ငံ သဘောတူညီချက်အရ တရုတ်-ထိုင်း ရေတပ် ပူးတွဲစစ်ရေးလေ့ကျင့်မှု “Blue Assault-2025” ကို မတ်လကုန်မှ ဧပြီလဆန်းအထိ ကွမ်တုန်းပြည်နယ် ကျန့်ကျန်းမြို့အနီးတွင် ကျင်းပမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနမှ မတ် ၂၄ ရက်တွင် သိရသည်။

ယခုအကြိမ် ပူးတွဲစစ်ရေးလေ့ကျင့်မှုများတွင် အဓိကအားဖြင့် မြို့ပြ အကြမ်းဖက်မှု တိုက်ဖျက်ရေး နည်းဗျူဟာ၊ ပင်လယ်ပြင် ပူးတွဲတိုက်ခိုက်မှု၊ ရေငုပ်သင်္ဘော ပူးတွဲတားဆီးတိုက်ဖျက်မှု စသည့် လေ့ကျင့်မှုများ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။ ယင်းမှာ နှစ်နိုင်ငံရေတပ်၏ ၆ ကြိမ်မြောက် ယင်းစီးရီး ပူးတွဲလေ့ကျင့်မှု လုပ်ဆောင်ခြင်းဖြစ်ရာ နှစ်နိုင်ငံရေတပ် လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများ နက်ရှိုင်းရေး၊ ပင်လယ်ပြင် ပူးတွဲလှုပ်ရှားမှု စွမ်းရည်မြှင့်တင်ရေးအတွက် အပြုသဘောအနက်အဓိပ္ပာယ်ရှိကြောင်း သိရသည်။ (Xinhua)