တရုတ်နိုင်ငံ လန်းတီယန်းကယ်ဆယ်ရေး (ယူနန်အဖွဲ့) မှ မြန်မာနိုင်ငံသို့ အရေးပေါ်အကူအညီ ပေးရန်သွားရောက်နေ

CGTN, April 1, 2025
Size:

မတ်လ ၂၉ ရက် နံနက် ၉:၃၀ တွင် ကျွမ်းကျင်ပြီး အတွေ့အကြုံရင့်သော တရုတ်နိုင်ငံ လန်းတီယန်းကယ်ဆယ်ရေး (Blue Sky Rescue)အဖွဲ့ဝင် ၁၆ ဦးသည် PPE အကာအကွယ်ဝတ်စုံ၊ ကျန်းမာရေးဆိုင်ရာအရေးပေါ်ပစ္စည်းများ၊ မီးစက်နှင့် မြို့ပြ ငလျင်ကယ်ဆယ်ရေးသုံး ကိရိယာများစသည့် ပစ္စည်းများကို ယူဆောင်လျက် ယူနန်ပြည်နယ် ရွှေလီနယ်စပ်ဂိတ်မှတဆင့် မြန်မာနိုင်ငံသို့ ဝင်ရောက်ခဲ့ပါသည်။ ၎င်းတို့သည် မြန်မာနိုင်ငံ မူဆယ်မြို့ သို့ ရောက်ရှိပြီးနောက် ကယ်ဆယ်ရေးလုပ်ငန်းများကို စတင်ဆောင်ရွက်မည်ဖြစ်ပါသည်။ 

1  2  3  >