တရုတ်နိုင်ငံက မြန်မာနိုင်ငံအား အရေးပေါ်ငလျင်ကယ်ဆယ်ရေးအကူအညီ ယွမ် သန်း ၁၀၀ ထောက်ပံ့ပေးမည်

CGTN, April 1, 2025
Size:

မတ်လ ၂၉ ရက်နေ့က တရုတ် နိုင်ငံတကာဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (CIDCA) ၏ ပြောရေးဆိုခွင့်ရှိသူ လီမင်က မြန်မာနိုင်ငံတွင် ပြင်းထန်သောငလျင်ကြီး လှုပ်ခတ်ခဲ့ပြီး လူအများအပြား သေဆုံးဒဏ်ရာရရှိခဲ့ပြီး ပစ္စည်းဥစ္စာများ ဆုံးရှုံးခဲ့ရကြောင်း၊ မြန်မာအစိုးရ၏ တောင်းဆိုချက်အရ တရုတ်အစိုးရသည် မြန်မာနိုင်ငံအား အရေးပေါ် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ငလျင်ကယ်ဆယ်ရေးအကူအညီ ယွမ် သန်း ၁၀၀  ထောက်ပံ့ပေးရန် ဆုံးဖြတ်ခဲ့ပြီး ကယ်ဆယ်ရေးအဖွဲ့နှစ်ဖွဲ့ စေလွှတ်မည်ဖြစ်ကာ ကယ်ဆယ်ရေးလိုအပ်နေသည့် ရွက်ဖျင်တဲများ၊ စောင်များ၊ အရေးပေါ်ဆေးဘက်ဆိုင်ရာအထုပ်များ၊ အစားအစာနှင့် သောက်သုံးရေစသည့် ပစ္စည်းများ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း  ပြောကြားခဲ့သည်။