ဒေသစံတော်ချိန် မတ်လ ၂၉ ရက်နေ့ နံနက် ၇ နာရီ ၁၀ မိနစ်တွင် အဖွဲ့ဝင် ၃၇ ဦးပါ တရုတ် ယူနန်ပြည်နယ် ကယ်ဆယ်ရေး ဆေးအဖွဲ့သည် မြန်မာနိုင်ငံ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိခဲ့သည်။ မြန်မာနိုင်ငံ၌ အင်အားပြင်းငလျင် ဖြစ်ပွားခဲ့ပြီးနောက် ယင်းကယ်ဆယ်ရေးအဖွဲ့သည် နေ့ရောညပါ မြန်မြန်ဆန်ဆန် ဆောင်ရွက်ခဲ့ပြီး ငလျင်လှုပ်ခတ်ခဲ့ပြီး ၁၈ နာရီ အကြာတွင်ပင် မြန်မာနိုင်ငံသို့ ရောက်ရှိလာကြောင်း၊ ၎င်းတို့သည် မြန်မာနိုင်ငံသို့ ရောက်ရှိလာသည့် ပထမဆုံးသော နိုင်ငံတကာ ကယ်ဆယ်ရေး အဖွဲ့ဖြစ်ပြီး တရုတ်နှင့် မြန်မာအကြား ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး နှင့် လူသားချင်း ကံကြမ္မာ အသိုက်အဝန်း စိတ်ဓာတ်ကို ပြသထားကြောင်း၊ ကယ်ဆယ်ရေး အဖွဲ့သည် ငလျင် ဘေးဒဏ် ပြင်းထန်စွာ ခံခဲ့ရသည့် နေပြည်တော်သို့ ချက်ချင်းပင် သွားရောက်ကာ ကယ်ဆယ်ရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်မည်ဖြစ်ကြောင်း သတင်း အရ သိရပါသည်။