မြန်မာနိုင်ငံ တွင် အင်အားပြင်း ငလျင်ဘေး ဖြစ်ပွားခဲ့ခြင်းနှင့် ပတ်သက်ပြီး မတ်လ ၂၉ ရက်နေ့က တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် မြန်မာနိုင်ငံ ခေါင်းဆောင် မင်းအောင်လှိုင်အား နှစ်သိမ့်ကြောင်း သဝဏ်လွှာကို ပေးပို့ခဲ့ပါသည်။
ရှီကျင့်ဖိန်၏ သဝဏ်လွှာတွင် မြန်မာနိုင်ငံတွင် အင်အားပြင်း ငလျင်ဘေးဒဏ် ဖြစ်ပွားခဲ့ပြီး ပြင်းထန်သော သေကျေ ဒဏ်ရာရရှိမှုနှင့် အိုးအိမ်စည်းစိမ် နစ်နာဆုံးရှုံးမှုများ ဖြစ်ပွားခဲ့ခြင်းကို ကြားသိရသည့်အတွက် မိမိသည် တရုတ်အစိုးရနှင့် ပြည်သူများ ကိုယ်စား သေဆုံးသူများအပေါ် လေးနက်စွာ ဝမ်းနည်းကြေကွဲကြောင်းနှင့် ကျန်ရစ်သူ မိသားစုများ၊ ဒဏ်ရာရသူများနှင့် ဘေးသင့်ပြည်သူများအား စိတ်ရင်းမှန်ဖြင့် နှစ်သိမ့်ကြောင်းကို ဖော်ပြပါကြောင်း၊ တရုတ်နှင့် မြန်မာ နှစ်နိုင်ငံတို့သည် အေးအတူ ပူအမျှ ဖြစ်သည့် ကံကြမ္မာတူ အသိုက်အဝန်း ဖြစ်ပြီး နှစ်နိုင်ငံ ပြည်သူများအကြား နက်ရှိုင်းသော ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး ရှိကာ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအား လိုအပ်သော ကူညီမှုများ ပံ့ပိုးပေးပြီး မြန်မာပြည်သူများ ဘေးအန္တရာယ်ကို ကျော်လွှားပြီး ရပ်ရွာများကို အမြန်ဆုံး ပြန်လည် တည်ဆောက်ရေးကို ထောက်ခံပေးလိုပါကြောင်း ဖော်ပြထားပါသည်။
ယင်းနေ့၌ပင် တရုတ်နိုင်ငံတော် ဝန်ကြီးချုပ် လီချန်သည်လည်း မြန်မာနိုင်ငံ ခေါင်းဆောင် မင်းအောင်လှိုင်အား နှစ်သိမ့်ကြောင်း သဝဏ်လွှာကို ပေးပို့ခဲ့ပါသည်။