စာရေးသူ-ပေါကျီဖုန် ကမ္ဘာလုံးဆိုင်ရာ မဲခေါင်မြစ်သုတေသနစင်တာ(တရုတ်စင်တာ) ဒုတိယ အတွင်းရေးမှူးချုပ်
၂၀၁၅ ခုနှစ်က လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ပထမအကြိမ် နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို ကျင်းပခဲ့ရာ ယခုနှစ်သည် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု၏ ဆယ်နှစ်ပြည့်နှစ် ဖြစ်သည်။ အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်ရန် ရည်ရွယ်ချက်ဖြင့် ခြောက်နိုင်ငံ အတူတကွ တည်ဆောက်ထားသည့် ပထမဦးဆုံးသော ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုယန္တရားအနေဖြင့် ၁၀ နှစ်တာကာလအတွင်း ခြောက်နိုင်ငံ အတူတကွ ကြိုးပမ်းမှုအောက်မှာ နယ်ပယ်အသီးသီး၌ အပြုသဘောဆောင်တိုးတက်မှုများ ရရှိကာ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု ”ရွှေရောင်ဂုဏ်ပလက်ဖောင်း” ဖြစ်လာပြီးဖြစ်ပေသည်။
လန်ချန်း-မဲခေါင်ခြောက်နိုင်ငံသည် တောတောင်ရေမြေ ဆက်စပ်နေပြီး လူမှုယဥ်ကျေးမှုချင်း ဆက်နွယ်သလို အကျိုးစီးပွား ပေါင်းစည်းယှက်နွယ်ပြီး အေးအတူ ပူအမျှ ဖြစ်သည်။ လွန်ခဲ့သော ၁၀ နှစ်အတွင်းက လန်ချန်း-မဲခေါင်နိုင်ငံခြောက်နိုင်ငံသည် နိုင်ငံရေးလုံခြုံရေး၊ စီးပွားရေးနှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုအသိုက်အဝန်း၏ လူမှုရေးယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ရေး စသည့်မဏ္ဍိုင်သုံးရပ်ကို ဗဟိုပြုပြီး အပြန်အလှန် ချိက်ဆက်မှု၊ ကုန်ထုတ်စွမ်းအား ပူးပေါင်းဆောင်ရွက်မှု၊ နိုင်ငံဖြတ်ကျော်စီးပွားရေး၊ ရေအရင်းအမြစ်၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆင်းရဲနွမ်းပါမှု လျှော့ချရေး စသည့် ဦးစားပေးကဏ္ဍ ၅ ခုကို အာရုံစိုက်ထားသည်။ ထို့ပြင် ယန္တရားတည်ဆောက်ရေးကို ခိုင်မာအားကောင်းစေရန် စဉ်ဆက်မပြတ် အားဖြည့်ပြီး လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများကို အတိအကျ ဆောင်ရွက်ခဲ့သည်။ ခြောက်နိုင်ငံခေါင်းဆောင်များ၏ မဟာဗျူဟာလမ်းညွှန်မှုအောက်တွင် လန်ချန်း-မဲခေါင်နိုင်ငံများသည် မူရင်းကို လက်ကိုင်ထား၍ ဆန်းသစ်ဖန်တီးခြင်းကို အခိုင်အမာ လက်ကိုင်ထားကာ နိုင်ငံရေး အပြန်အလှန်ယုံကြည်မှုကို အဆက်မပြတ် စုစည်းခဲ့ကြသည်။ လန်ချန်း-မဲခေါင်ဒေသကို ရပ်ဝန်းနှင့် ပိုးလမ်းမ စံပြဇုန်၊ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအဆိုပြုချက် ရှေ့ပြေးဇုန်၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအဆိုပြုချက် စမ်းသပ်ဇုန်၊ ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှုအဆိုပြုချက် ပထမဆုံးပြည့်စုံသည့်ဇုန်များအဖြစ် လုံးပမ်းအားထုတ်ဖော်ဆောင်ကြသည်။ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုကဏ္ဍများသည် စဉ်ဆက်မပြတ် ကြွယ်ဝလာခဲ့ပြီး ၎င်း၏ထိရောက်မှုစွမ်းရည်လည်း ဆက်လက်မြင့်တက်လာခဲ့သည်။
ပထမအနေဖြင့် လန်ချန်း-မဲခေါင်နိုင်ငံများ၏ အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်ရေးလုပ်ငန်းက အပြုသဘောဆောင်သော တည်ဆောက်မှုများ ရရှိခြင်း ဖြစ်သည်။ တရုတ်-ကမ္ဘောဒီးယား၊ တရုတ်-လာအို၊ တရုတ်-မြန်မာ၊ တရုတ်-ထိုင်း၊ တရုတ်-ဗီယက်နမ်သည် အေးအတူ ပူအမျှ အသိုက်အဝန်းများကို တည်ဆောက်ရန် ရှေ့ဆင့်နောက်ဆင့် ကြေညာရာ လန်ချန်း-မဲခေါင်ဒေသတွင် နှစ်နိုင်ငံနှင့် နိုင်ငံစုံ အေးအတူ ပူအမျှ အသိုက်အဝန်း အပြည့်အဝ လွှမ်းခြုံအောင် အကောင်အထည်ဖော်ဆောင်ခဲ့သည်။ တစ်ချိန်တည်းတွင် တရုတ်နှင့် မဲခေါင်မြစ်ဝှမ်းနိုင်ငံငါးနိုင်ငံတို့သည် သမုဒ္ဒရာနှင့် ဆိုက်ဘာ စသည့် လုပ်ငန်းကဏ္ဍများ ဘုံအသိုက်အဝန်းများ တည်ဆောက်ရေးကို နက်ရှိုင်းစွာ ဆက်လက်လုပ်ဆောင်နေပါသည်။ လန်ချန်း-မဲခေါင်နိုင်ငံများ အေးအတူ ပူအမျှ အသိုက်အဝန်း၏ ရုပ်ကြွပုံ နယ်ပယ်စုံသောအခြေအနေကို တဖြည်းဖြည်း ပုံဖော်လာပါသည်။
ဒုတိယအနေဖြင့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုယန္တရား တည်ဆောက်ရေးက အဆက်မပြတ် ပြည့်စုံကောင်းလာခြင်း ဖြစ်ပါသည်။ အစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုပုံစံကို လက်ခံကျင့်သုံးသည့် ဘက်စုံပူးပေါင်းဆောင်ရွက်မှုယန္တရားတစ်ခုအနေဖြင့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုသည် "ခေါင်းဆောင်များ၏ဦးဆောင်မှု၊ ဘက်စုံလွှမ်းခြုံမှုနှင့် ဌာနအားလုံး ပါဝင်ဆောင်ရွက်မှု"ပုံစံကို ခိုင်မြဲစွာ ကျင့်သုံးရုံသာမက ၎င်း၏အခြေအနေပေါ်တွင် ထိရောက်မှု များပြားသော၊ အကောင်အထည်ဖော်နိုင်ဖွယ်ရှိသော ယန္တရားတိုးတက်မှုလမ်းကြောင်းသစ်များကို စဉ်ဆက်မပြတ် ရှာဖွေနေပါသည်။ နိုင်ငံ့ခေါင်းဆောင်များအစည်းအဝေးကို ၂ နှစ်တစ်ကြိမ်၊ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို နှစ်စဉ် မပြတ်မလပ် ကျင်းပခြင်းအားဖြင့် ဝန်ကြီးအဆင့် ဦးစားပေးနယ်ပယ် ၆ ခုဆိုင်ရာအလုပ်အဖွဲ့များ၏ယန္တရားမှာလည်း ကောင်းမွန်စွာ လည်ပတ်နေပါသည်။ လုံခြုံရေးနယ်ပယ်တွင် လန်ချန်း-မဲခေါင် တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုစင်တာသည် ဒေသတွင်း တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှု၏ အဓိကပလက်ဖောင်းအခန်းကဏ္ဍမှ တက်ကြွစွာ ပါဝင်ဆောင်ရွက်ပြီး “လန်ချန်း-မဲခေါင် အေးချမ်းရေး” လုပ်ဆောင်ချက်သည် လန်ချန်း-မဲခေါင် ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်သောပတ်ဝန်းကျင်ကို ဖော်ဆောင်ရာတွင် စဉ်ဆက်မပြတ် အထောက်အကူပြုလျက်ရှိသည်။ နိုင်ငံခြောက်နိုင်ငံသည် နယ်စပ်ဖြတ်ကျော်အွန်လိုင်းလောင်းကစားနှင့် ဆက်သွယ်ရေးလိမ်လည်မှုရာဇ၀တ်မှုများကို တိုက်ဖျက်ရာတွင် အပြုသဘောဆောင်သောရလဒ်များ ရရှိခဲ့သည်။ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးမူဘောင်အောက်တွင် ကမ္ဘာလုံးဆိုင်ရာ မဲခေါင်သုတေသနစင်တာ၊ လန်ချန်း-မဲခေါင် ရေအရင်းအမြစ် ပူးပေါင်းဆောင်ရွက်ရေးစင်တာ၊ လန်ချန်း-မဲခေါင် သဘာဝပတ်ဝန်းကျင် ပူးပေါင်းဆောင်ရွက်ရေးစင်တာနှင့် လန်ချန်း-မဲခေါင် စိုက်ပျိုးရေး ပူးပေါင်းဆောင်ရွက်ရေးစင်တာ စသည့် ပလက်ဖောင်းများ တည်ဆောက်ရေးမှာ စဉ်ဆက်မပြတ် ပြည့်စုံကောင်းမွန်စွာ တိုးတက်လျက်ရှိရာ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုအတွက် ခိုင်မာသောဉာဏ်ပညာအစွမ်းကို ပံ့ပိုးပေးပါသည်။
တတိယအနေဖြင့် “တိုးတက်ရေးကို ဦးစားပေးခြင်း၊ လက်တွေ့ထိရောက်အောင် ဆောင်ရွက်ခြင်း၊ စီမံကိန်း အခြေပြုခြင်း” ဟူသောပူးပေါင်းဆောင်ရွက်မှုပုံစံက တစ်နေ့တခြား ရင့်ကျက်လာခြင်း ဖြစ်သည်။ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေ စီမံကိန်းစနစ်သည် ဆက်လက် ကောင်းမွန်ပြည့်စုံ၍ ယခုအချိန်အထိ ရာနှင့်ချီသော ပြည်သူလူထုအတွက် အကျိုးရှိမည့် စီမံကိန်းများကို ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။ မြန်မာနိုင်ငံ စသောနိုင်ငံများတွင် ဆောင်ရွက်နေသော “လန်ချန်း-မဲခေါင် သီးထွက်ကောင်းမွန်ရေး” စီမံကိန်းပေါင်း ၁၀၀ ကျော်သည် ဒေသခံတောင်သူလယ်သမားများ၏ ထုတ်လုပ်မှုနှင့် ဝင်ငွေများ တိုးမြင့်လာစေရန် အကူအညီပေးပြီး ဒေသခံပြည်သူများ၏ အောင်မြင်မှု၊ ကျေနပ်မှု စသည့်ခံစားမှုကို အားကောင်းစွာ မြှင့်တင်ပေးခဲ့ပါသည်။ လန်ချန်း-မဲခေါင် ”ရေချိုစမ်းချောင်းလှုပ်ရှားမှု”၏ ပထမအဆင့်သည် စနစ်တကျ ဖြန့်ဖြူးသောရေပေးဝေမှု သရုပ်ပြစီမံကိန်းနေရာ ၈-၉ ခုနှင့် သီးခြားဖြန့်ဖြူးသော ရေပေးဝေမှု သရုပ်ပြစီမံကိန်းနေရာ ၅၄ ခုကို တည်ဆောက်ပြီးစီးခဲ့ရာ အကျိုးခံစားသူဦးရေသည် ၁ သောင်းကျော်အထိ ရှိသည့်အတွက် မဲခေါင်မြစ်ဝှမ်းဒေသနိုင်ငံများအတွက် လက်တွေ့ကျသော အကျိုးများကို ဆောင်ကျဥ်ပေးခဲ့သည်။
စတုတ္ထအနေဖြင့် လန်ချန်း-မဲခေါင် ဒေသတွင်း အပြန်အလှန် ချိတ်ဆက်နွယ်မှုအဆင့်က သိသာစွာ တိုးတက်လာခြင်း ဖြစ်သည်။ ဒေသတွင်း ”Hardware ချိတ်ဆက်မှု”၊ ”Software ချိတ်ဆက်မှု”ကို ရှေ့သို့ ဟန်ချက်ညီညီ တွန်းတင်ခဲ့သည်။ တရုတ်-လာအို မီးရထားနှင့် ဖနွမ်းပင်-ဆီဟာနုဗီးလ် အမြန်လမ်းတို့သည် တည်ငြိမ်စွာ လည်ပတ်လျက်ရှိပြီး တရုတ်-ထိုင်း အမြန်ရထားလမ်း တည်ဆောက်မှုနှင့် တရုတ်-ဗီယက်နမ် မီးရထားလမ်းတို့ အပြန်အလှန် ချိတ်ဆက်တို့မှာလည်း ခြေလှမ်းမှန်မှန်နှင့် ရှေ့သို့ ချီတက်လျက်ရှိသည်။ လန်ချန်း-မဲခေါင် မြစ်ဝှမ်းဒေသ စီးပွားရေးရပ်ဝန်း တည်ဆောက်မှုအရွေ့အားသည် ပိုမိုခိုင်မာလာသည်။ လွန်ခဲ့သောဆယ်နှစ်ကာလအတွင်း တရုတ်နိုင်ငံနှင့် မဲခေါင်နိုင်ငံများကြား ကုန်သွယ်မှုပမာဏသည် နှစ်ဆတိုးလာသည်။ ဒေသတွင်း ဘက်စုံစီးပွားရေး မိတ်ဖက်ဆက်ဆံမှုသဘောတူစာချုပ် တရားဝင် အသက်ဝင်ပြီးသည့်နောက် သက်သာသော အကောက်ခွန်နှုန်း၊ ရိုးရှင်းသော အကောက်ခွန် ရှင်းလင်းရေး၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု အဆင်ပြေချောမွေ့စေရေး စသည့်စနစ် အကျိုးကျေးဇူးများကို အဆက်မပြတ် ပြသခဲ့သလို လန်ချန်း-မဲခေါင်ဒေသထုတ်လုပ်မှုနှင့် ထောက်ပံ့ရေးကွင်းဆက် တည်ငြိမ်ချောမွေ့စွာ လည်ပတ်ဆောင်ရွက်မှုကို အဆက်မပြတ် အားဖြည့်ကာ ဒေသတွင်း ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကို မြှင့်တင်ပေးခဲ့ပါသည်။ နိုင်ငံတကာ ကုန်းလမ်း ရေလမ်း ကုန်သွယ်ရေးလမ်းကြောင်း ပင်လယ်ရေကြောင်းလမ်းနှင့် ရထားလမ်း ပေါင်းစပ်ပို့ဆောင်ရေး၊ ကုန်းလမ်းနှင့် ရထားလမ်း ပေါင်းစပ်ပို့ဆောင်ရေးလုပ်ငန်းလည်ပတ်မှုပုံစံ၏ စွမ်းဆောင်ရည်မှာ ဆက်လက်တိုးမြင့်လာသည်။ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုတွင် ပါဝင်ဆောင်ရွက်သည့်အဓိကအဖွဲ့အစည်းများမှာ ဆက်လက်ကြွယ်ဝပေါများလာရာ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုတွင် ဒေသခံများ၊ စီးပွားရေးလုပ်ငန်းများနှင့် လူမှုရေးအဖွဲ့အစည်းများ ပါဝင်ဆောင်ရွက်ခြင်း၏ စိတ်အားထက်သန်မှုသည် ဆက်လက်တိုးမြင့်လာခဲ့ပြီး လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုကို လက်တွေ့ကျကျ နက်ရှိုင်းစွာ ဆောင်ရွက်ရာတွင် အားကောင်းသည့်အထောက်အပံ့ပြုပါသည်။
ပဉ္စမအနေဖြင့် ပြည်သူချင်းစိတ်ချင်းဆက်နွယ်မှုက ဆက်လက်နက်ရှိုင်းလာခြင်း ဖြစ်သည်။ နိုင်ငံချင်းဆက်ဆံရေးသည် ပြည်သူချင်း ရင်းနှီးမှုအပေါ် အခြေခံသလို ပြည်သူချင်း ရင်းနှီးမှုသည် အပြန်အလှန် စိတ်ချင်းဆက်နွယ်မှုအပေါ် အခြေခံသည်။ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု၏ အဓိကမဏ္ဍိုင်ကြီးသုံးရပ်အနက်မှ တစ်ခုအနေဖြင့် လူမှုယဉ်ကျေးမှု ဖလှယ်ရေးသည် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု၏ အရေးကြီးသည်ထက် အရေးကြီးဆုံး ဖြစ်သည်။ လွန်ခဲ့သည့်ဆယ်စုနှစ်များအတွင်း လန်ချန်း-မဲခေါင်နိုင်ငံများသည် လူမှုယဉ်ကျေးမှု ဖလှယ်မှုများကို စဉ်ဆက်မပြတ် နက်ရှိုင်းစေပြီး ပြည်သူချင်းစိတ်ချင်းဆက်နွယ်မှုနှောင်ကြိုးကို ခိုင်ခံ့စေခဲ့သည်။ ၎င်းတို့သည် ယဉ်ကျေးမှုခရီးသွား၊ အားကစား၊ ပညာရေး၊ မီဒီယာ၊ ဘာသာရေး၊ လူမျိုးရေး အစရှိသည့် နယ်ပယ်များတွင် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့ပြီး လန်ချန်း-မဲခေါင် လူငယ်စွန့်ဦးတီထွင်မှုပြိုင်ပွဲနှင့် လန်ချန်း-မဲခေါင် နိုင်ငံတကာရုပ်ရှင်ရက်သတ္တပတ် စသည့် အထင်ကရ ဖြစ်သော လူမှုယဥ်ကျေးမှု အမှတ်တံဆိပ်များစွာကို ဖန်တီးခဲ့သည်။ ထို့ပြင် “တစ်ဦးနှင့် တစ်ဦး တန်းတူညီတူစွာ ဆက်ဆံခြင်း၊ စိတ်ရင်းစေတနာမှန်ဖြင့် အပြန်အလှန်ကူညီဖေးမခြင်း၊ မိသားစုသဖွယ် ချစ်ခင်ရင်းနှီးခြင်း” ဟူသော လန်ချန်း-မဲခေါင် ယဥ်ကျေးမှုကိုလည်း အတူတကွ ပျိုးထောင်ပြီး လန်ချန်း-မဲခေါင်နိုင်ငံများအကြား ချစ်ကြည်ရင်းနှီးစွာ ပေါင်းသင်းဆက်ဆံရေးကို ထိရောက်စွာ မြှင့်တင်ပေးခဲ့သည်။
ဆယ်နှစ်ကျော်ကြာ အပတ်တကုတ် ကြိုးပမ်းအားထုတ်ခဲ့ရာ စိမ်းလန်းသောဧက ထောင်ပေါင်းများစွာကို ဖြစ်ထွန်းပြီး ယနေ့တွင် ဂိုဒေါင်များတွင် ဆန်ပဲပြောင်း အလျှံအပယ် ဖြစ်နေပြီဖြစ်သည်။ "သဘောသရုပ်ပေါ်ပန်းချီရေးဆွဲခြင်း"မှ "အနုရေးဆွဲခြင်း"သို့ ရောက်လာသလို လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုသည် ပျိုးထောင်မှုကာလနှင့် ကြီးပြင်းမှုကာလမျာကို ဖြတ်ကျော်ပြီး ”လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ၂.၀” ဆောက်လုပ်ရန် အခန်းကဏ္ဍသစ်သို့ ရောက်ရှိနေသည်။ လန်ချန်း-မဲခေါင်ဒေသသည် စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှု လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်နေသည့် ကာလအတွင်း ရောက်ရှိနေသည်။ ခေတ်မီအသွင်ပြောင်းရေးကို အကောင်အထည်ဖော်ဆောင်ရန်မှာ လန်ချန်း-မဲခေါင်နိုင်ငံများ ရင်ဆိုင်နေရသော ဘုံသမိုင်းဝင်တာဝန် ဖြစ်သည်။ အနာဂတ်ကို ရှုမျှော်၍ လန်ချန်း-မဲခေါင်နိုင်ငံများသည် “ဖွံ့ဖြိုးတိုးတက်ရေး ဦးစားပေးခြင်း၊ တန်းတူညီမျှစွာ တိုင်ပင်ဆွေးနွေးခြင်း၊ လက်တွေ့ထိရောက်အောင် ဆောင်ရွက်ခြင်း၊ ပွင့်လင်းစွာ အားလုံးပါဝင်ခြင်း” ဟူသောစိတ်ဓာတ်ကို ဖြစ်ထွန်းအောင် ဆောင်ရွက်မည်ဖြစ်ပြီး AI နည်းပညာ၊ အစိမ်းရောင်စီးပွားရေး စသည့် ရှေ့တန်းနယ်ပယ်မှ ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းများကို တိုးချဲ့ရန် အတူတကွ လုပ်ဆောင်မည်။ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုကို အခြားသော ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးယန္တရားများနှင့် ချိတ်ဆက်မည်ဖြစ်ပြီး လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုနှင့် ၂၀၃၀ ပြည့်နှစ် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအစီအစဥ်အကြား ဟန်ချက်ညီညီ ဖြစ်လာအောင် အားဖြည့်ပေးမည်ဖြစ်ရာ “တစ်ကမ္ဘာလုံး၏ဖွံ့ဖြိုးဆဲနိုင်ငံများ” ပူးပေါင်းဆောင်ရွက်မှု၏ ကုန်းမြင့်သစ်အဖြစ် လန်ချန်း-မဲခေါင်ဒေသကို တည်ဆောက်ရန် ကြိုးပမ်းဆောင်ရွက်မည် ဖြစ်ပေသည်။ ခြောက်နိုင်ငံသည် ပွင့်လင်းသောဒေသဆိုင်ရာဝါဒကို လိုက်နာကျင့်သုံးကာ စစ်မှန်သော နိုင်ငံပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးဝါဒကို ကာကွယ်စောင့်ရှောက်ရန်၊ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးယန္တရားအား ဆက်လက်ခိုင်မာစေရန်၊ ချစ်ကြည်ရင်းနှီးသော လူထုဆန္ဒများကို ခိုင်မာစေရန်၊ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုတွင် ခြောက်နိုင်ငံမှ ပြည်သူများ၏ ပူးပေါင်းပါဝင်မှုကို မြှင့်တင်ရန်၊ လက်တွဲချီတက်ကာ ဒေသတွင်းငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုမိုများပြားသော တည်ငြိမ်မှုများဖြင့် ”လန်ချန်း-မဲခေါင် အကျိုးဆောင်များ”အဖြစ် ဆောင်ရွက်ရန် ဆန္ဒရှိကြပေသည်။