တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာကော်မတီ ၃၄ ကြိမ် မြောက် ဥက္ကဋ္ဌအစည်းအဝေးကို ယခုလ ၂၆ ရက်နေ့က ဘေကျင်းတွင် ကျင်းပခဲ့ပါသည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ အမြဲတမ်းကော်မတီဝင်၊ ပြည်သူ့ နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဝမ်ဟုနင်သည် အစည်းအဝေး ကို ဦးစီးကျင်းပပြီး မိန့်ခွန်းကိုလည်း ပြောကြားခဲ့ပါသည်။ အစည်းအဝေးတွင် အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်၏ မကြာမီက အရေးကြီးသော မိန့်ခွန်းများနှင့် ညွှန်ကြားချက်များကို လေ့လာရန်နှင့် လက်တွေ့ဖော်ဆောင်ရန် အကြောင်းအရာများနှင့် ပတ်သက်၍ ဖော်ပြခဲ့သည်ဟု ဆင်ဟွာသတင်းအရသိရ ပါသည်။