ပိုအော် အာရှဖိုရမ် ၂၀၂၅ ခုနှစ် နှစ်ပတ်လည်အစည်းအဝေးကို ယခုလ ၂၅ ရက်နေ့တွင် စတင်ကျင်းပခဲ့သည်။ ၄ရက်ကြာ ကျင်းပမည့် အစည်းအဝေးတွင် နိုင်ငံနှင့်ဒေသ ၆၀ကျော်မှ ဧည့်သည်တော် ၂၀၀၀ခန့်သည် “ကမ္ဘာ့အပြောင်းအလဲများတွင် အာရှ၏ အနာဂတ်ကို အတူဖန်တီးကြခြင်း” ဆောင်ပုဒ်နှင့် ပတ်သက်၍ နက်ရှိုင်းစွာ ဆွေးနွေးမည် ဖြစ်ကြောင်း သတင်းအရ သိရသည်။