၂၀၂၅ အလွန် ဗဟုဝင်ရိုးကမ္ဘာတွင် မြန်မာနိုင်ငံ ကြုံတွေ့လာရမည့် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများ သုံးသပ်ဆွေးနွေးပွဲကျင်းပစဉ် (ဆင်ဟွာ)
၂၀၂၅ အလွန် ဗဟုဝင်ရိုးကမ္ဘာတွင် မြန်မာနိုင်ငံ ကြုံတွေ့လာရမည့် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများ သုံးသပ်ဆွေးနွေးပွဲကို နေပြည်တော်တွင် မတ် ၂၁ ရက်nက စတင်ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲကို ပြန်ကြားရေးဝန်ကြီးဌာနလက်အောက်ရှိ ပုဂ္ဂလိက-အများပိုင် ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ဖြစ်သည့် Myanmar Narrative Think Tank မှ စီစဉ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
ထိုဆွေးနွေးပွဲ၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဖွင့်အမှာစကားပြောကြားရာတွင် ယခုဆွေးနွေးပွဲသည် မြန်မာနိုင်ငံ၏ ကောင်းမွန်သည့် အနာဂတ်ကိုပုံဖော်နိုင်ရန်နှင့် ကမ္ဘာ့အသိုက်အဝန်းနှင့် ချိတ်ဆက်မှုများ ဆောင်ရွက်ရာတွင် အရေးပါသည့် အခွင့်အလမ်းတစ်ခုလည်းဖြစ်ကြောင်း ပြောကြားသည်။
မိမိတို့ နေထိုင်သည့် ကမ္ဘာကြီးသည် ယနေ့အချိန်အခါတွင် ဗဟုဝင်ရိုးကမ္ဘာကြီးအဖြစ် ပြောင်းလဲလျက်ရှိနေကြောင်း၊ ဗဟုဝင်ရိုးကမ္ဘာဟု သိကြသည့်ဝင်ရိုးစုံကမ္ဘာ (Multipolar World) ဆိုသည်မှာ ယခင်က ကမ္ဘာ့စင်မြင့်တွင် အင်အားကြီးနိုင်ငံတစ်နိုင်ငံတည်းက လွှမ်းမိုးကြီးစိုးခဲ့ရာမှ ယခုအချိန်တွင် အဆိုပါပုံစံ၊ အဆိုပါအခင်းအကျင်းများနှင့်မတူဘဲ နိုင်ငံများစွာနှင့် ဒေသဆိုင်ရာအဖွဲ့အစည်းများတွင် သိသာထင်ရှားသည့် စုစည်းမှုစွမ်းအားများ ရှိလာ ကြပြီဖြစ်ကြောင်း ၎င်းကဆိုသည်။
အဆိုပါဖိုရမ်သို့ တက်ရောက်သူ ၂၀၀ ခန့်ရှိကြောင်း သိရသည်။ (Xinhua)