တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် လျန်ကျန့်ကျွင်း ယူနန်ပြည်နယ် ၂၀၂၅ ခုနှစ် "လန်ချန်း-မဲခေါင် ရက်သတ္တပတ်" အစီအစဥ် စတင်ခြင်းအခမ်းအနားသို့ တက်ရောက် အမှာစကား ပြောကြား

lmcchina.org, March 26, 2025
Size:

ယူနန်ပြည်နယ် ၂၀၂၅ ခုနှစ် "လန်ချန်း-မဲခေါင် ရက်သတ္တပတ်" အစီအစဥ် စတင်ခြင်းအခမ်းအနားကို မတ်လ ၂၁ ရက်က ကူမင်းမြို့တွင် ကျင်းပရာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် လျန်ကျန့်ကျွင်းသည် အွန်လိုင်းဖြင့် တက်ရောက်ပြီး အမှာစကား ပြောကြားခဲ့သည်။

လျန်ကျန့်ကျွင်းက တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် မဲခေါင်နိုင်ငံခေါင်းဆောင်များ၏ မဟာဗျူဟာလမ်းညွှန်မှုအောက်တွင် တရုတ်နိုင်ငံနှင့် မဲခေါင်နိုင်ငံများသည် နှစ်နိုင်ငံနှင့် နိုင်ငံစုံ အေးအတူ ပူအမျှ အသိုက်အဝန်း အပြည့်အဝ လွှမ်းခြုံနိုင်ခဲ့ပြီး လူသားတို့အတွက် အေးအတူ ပူအမျှ အသိုက်အဝန်းကို တည်ဆောက်ရာတွင် ရှေ့တန်းမှ ဦးဆောင်လျက်ရှိကြောင်း ပြောကြားခဲ့သည်။ နိုင်ငံအားလုံးသည် “ဖွံ့ဖြိုးတိုးတက်ရေး ဦးစားပေးခြင်း၊ တန်းတူညီမျှစွာ တိုင်ပင်ဆွေးနွေးခြင်း၊ လက်တွေ့ထိ‌ရောက်အောင် ဆောင်ရွက်ခြင်း၊ ပွင့်လင်းစွာ အားလုံးပါဝင်ခြင်း” ဟူသောစိတ်ဓာတ်ကို လိုက်နာကျင့်သုံးပြီး ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု၏ ”ရွှေရောင်စံနမူနာ”ကို ဖော်ဆောင်ခဲ့ကြကြောင်း၊ လွန်ခဲ့သည့်နှစ်အတွင်း လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုသည် ကြီးမားသောတိုးတက်မှုကို ရရှိခဲ့ပြီး လန်ချန်း-မဲခေါင်ခြောက်နိုင်ငံမှ ဝန်ကြီးချုပ်များသည် ကူမင်းမြို့တွင် စုဝေးပြီး နိုင်ငံရေး အပြန်အလှန်ယုံကြည်မှု ပိုမိုနက်ရှိုင်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်များကို အတူတကွ ဆွေးနွေးခဲ့ကြကြောင်း၊ တရုတ်နိုင်ငံနှင့် မဲခေါင်နိုင်ငံများကြား ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၄၃၇ ဘီလီယံအထိ တိုးမြင့်လာခဲ့ပြီး ယန္တရား စတင်ချိန်နှင့် နှိုင်းယှဥ်ပါက ၁၂၅ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။ AI နည်းပညာ နှင့် Big Data များသည် ဒေသတွင်း စီးပွားရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအသွင်ပြောင်းရာတွင် ဒစ်ဂျစ်တယ်နှင့် အစိမ်းရောင် ဖြစ်သောအရှိန်အဟုန်အဖြစ် မြှင့်တင်ပေးခဲ့ကြောင်း၊ လန်ချန်း-မဲခေါင် ”ရေချိုစမ်းချောင်း လှုပ်ရှားမှု”သည် မြစ်ဝှမ်း‌ဒေသရှိကျေးလက်နေလူထု ၁ သောင်းကျော်အတွက် သန့်ရှင်းသော သောက်သုံးရေကို ဖြည့်ဆည်းပေးသလို တရုတ်နိုင်ငံမှ ထုတ်ပေးသော “လန်ချန်း-မဲခေါင်ဗီဇာ”သည် ဒေသခံများ၏သွားလာမှုကို လွယ်ကူချောမွေ့စေကြောင်း၊ “Black Myth: Wukong”နှင့် ”Ne Zha 2”တို့သည် အများကို ကြီးကျယ်ခမ်းနားသော ယဥ်ကျေးမှုအရသာ ခံစားရစေရုံသာမက အရည်အသွေးသစ် ကုန်ထုတ်စွမ်းအား၏ ထွန်းလင်းတောက်ပသည့်အနာဂတ်ကိုလည်း မြင်တွေ့စေကြောင်း၊ နိုင်ငံများသည် ပူးပေါင်းပြီး အွန်လိုင်းလောင်းကစားနှင့် ဆက်သွယ်ရေး လိမ်လည်မှု စသည့် နယ်စပ်ဖြတ်ကျော်ရာဇ၀တ်မှုများကို ပြင်းပြင်းထန်ထန် တိုက်ဖျက်နှိမ်နင်းကာ မက်လုံးပေးပြန်ပေးဆွဲခံရသူအများအပြားကို ကယ်တင်နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

လျန်ကျန့်ကျွင်းက ယခုနှစ်တွင် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးသည် ဆယ်နှစ် ပြည့်မြောက်မည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းမှုနှင့် ဘုံအကျိုးစီးပွား ဖော်ဆောင်မှု ဟူသောပွင့်လင်းမဟာဗျူဟာကို အခိုင်အမာ ကျင့်သုံးမည်ဖြစ်ပြီး မဲခေါင်းမြစ်ဝှမ်းရှိနိုင်ငံများနှင့်အတူ နှစ်နိုင်ငံနှင့် နိုင်ငံပေါင်းစုံ ဘက်ပေါင်းစုံပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန်၊ "လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု 2.0" ကို တက်ကြွစွာ တည်ဆောက်ရန်၊ ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်သောပတ်ဝန်းကျင်နှင့် ဖွံ့ဖြိုးတိုးတက်ရေးနှင့် သာယာဝပြောရေး အရှိန်အဟုန်ကို ထိန်းသိမ်းရာတွင် ပိုမိုကြီးမားသောအကျိုးဆောင်ရွက်မှုများကို ပံ့ပိုးပေးရန် ဆန္ဒရှိကြောင်း အလေးထားပြောကြားခဲ့သည်။

ယူနန်ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး ရွှီဟောက်နှင့် ကူမင်းမြို့ရှိ မဲခေါင်ငါးနိုင်ငံမှ ကောင်စစ်ဝန်ချုပ်များအပါအဝင် ဧည့်သည်တော် ၁၀၀ ကျော်က အဆိုပါအခမ်းအနားသို့ တက်ရောက်ခဲ့သည်။