တရုတ်ဖွံ့ဖြိုးရေးအဆင့်မြင့်ဖိုရမ် ၂၀၂၅ နှစ်ပတ်လည်အစည်းအဝေးကို ဘေကျင်း၌ ကျင်းပ

CGTN, March 25, 2025
Size:

မတ်လ ၂၃ ရက်နေ့ နံနက်ပိုင်းက တရုတ်ဖွံ့ဖြိုးရေးအဆင့်မြင့်ဖိုရမ် ၂၀၂၅ နှစ်ပတ်လည် အစည်းအဝေးကို ဘေကျင်း၌ ဖွင့်လှစ်ခဲ့ပါသည်။ ယခုအကြိမ်ဖိုရမ်ကို ၂ ရက် ကြာကျင်းပမှာဖြစ်ပြီး ပြည်တွင်းပြည်ပမှ ဧည့်သည်များသည် မက်ခရိုမူဝါဒ၊ စီးပွားရေးတိုးတက်မှု၊ သိပ္ပံနည်းပညာ ဆန်းသစ်တီထွင်မှု ဦးဆောင်သော အရည်အသွေးသစ် ကုန်ထုတ်စွမ်းအား ဖွံ့ဖြိုးရေး စသည့် အကြောင်းအရာများနှင့်ပတ်သက်၍ ကူးလူးဖလှယ်ပြီး စေ့စပ်ဆွေးနွေးသွားကြမည် ဖြစ်ပါ သည်။ နိုင်ငံတကာအဖွဲ့အစည်းများ၊ Fortune ၅၀၀ နိုင်ငံဖြတ်ကျော် ကုမ္ပဏီများနှင့် ကမ္ဘာ့စက်မှုကုန်သွယ်ရေးနယ်ပယ်မှ နိုင်ငံခြားကိုယ်စားလှယ် ၁၀၀ ကျော် တို့သည် အစည်းအဝေးသို့ တက်ရောက်ကြမည်ဖြစ်သည်ဟု သတင်းအရသိရပါသည်။