တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာကော်မတီဥက္ကဋ္ဌ Wang Huning သည် ကမ္ဘောဒီးယားဘုရင် Norodom Sihamoni နှင့် မိဖုရား Norodom Monineath တို့ကို ဘေကျင်းတွင် မတ်လ ၂၀ ရက်နေ့က တွေ့ဆုံခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။
Wang Huning က နှစ်နိုင်ငံခေါင်းဆောင်များ၏ မဟာဗျူဟာလမ်းညွှန်မှုအောက်တွင် တရုတ်-ကမ္ဘောဒီးယား ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ရေးသည် အရည်အသွေးမြင့်မားသော အဆင့်မြင့်သော၊ စံနှုန်းမြင့်သော ခေတ်သစ်တစ်ခုသို့ ရောက်ရှိနေကြောင်း၊ တရုတ်နိုင်ငံသည် ကမ္ဘောဒီးယားနှင့်အတူ အဆင့်မြင့်အရာရှိကြား ဖလှယ်မှုများကို ထိန်းသိမ်းရန်၊ မဟာဗျူဟာမြောက် အပြန်အလှန်ယုံကြည်မှုကို မြှင့်တင်ရန်၊ အပြန်အလှန် အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန်၊ နိုင်ငံတော် စီမံအုပ်ချုပ်မှုတွင် အတွေ့အကြုံဖလှယ်မှုများ အားကောင်းလာစေရန်နှင့် တရုတ်-ကမ္ဘောဒီးယား ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ရေးသည် ပိုမိုကြီးမားသော တိုးတက်မှုအသစ်များကို စဉ်ဆက်မပြတ်ရရှိရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
Sihamoni နှင့် Monile တို့ကလည်း ကမ္ဘောဒီးယားနိုင်ငံသည် သမ္မတ ရှီကျင့်ဖိန်မှ ချမှတ်ထားသော အရေးကြီးသည့် အတွေးအခေါ်နှင့် အဆိုပြုချက်ကို မြင့်မားစွား ချီးကျူးကြောင်း၊ တရုတ်ပြည် တစ်ပြည်တည်းသာ ရှိရေးမူကို ခိုင်ခိုင်မာမာ လိုက်နာပြီး နှစ်နိုင်ငံအကြား နယ်ပယ်အသီးသီးတွင် ကူးလူးဆက်ဆံမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ နက်ရှိုင်းစေကာ ကမ္ဘောဒီးယား- တရုတ် ကံကြမ္မာတူ အသိုက်အဝန်းကို လက်တွဲတည်ဆောက်မည်ဖြစ်ကြောင်း ပြောကြားခဲ့ကြပါသည်။