အာဆီယံ အတွင်းရေးမှူးချုပ် Kao Kim Hourn နှင့် သီးသန့်အင်တာဗျူး

CGTN, March 24, 2025
Size:

တရုတ်နှင့်အာဆီယံဆက်ဆံရေးကို “အရှိန်အဟုန်အားကောင်း၍ တက်ကြွမှု အပြည့်အဝရှိသည်” ဟု အာဆီယံ အတွင်းရေးမှူးချုပ်က ပြောကြားခဲ့သည်။

China Media Group သတင်းထောက် Wang Guan ၏ အင်တာဗျူးမေးမြန်းမှုကို ဖြေကြားစဉ်တွင် အာဆီယံ  အတွင်းရေးမှူးချုပ် Kao Kim Hourn က လွန်ခဲ့သော နှစ်သုံးဆယ်ကျော်ကာလအတွင်း လက်တွေ့အခြေအနေများကိုကြည့်ပါက အာဆီယံ-တရုတ် နှစ်ဦးနှစ်ဖက် ဆက်ဆံရေးသည် ဆယ်စုနှစ်များစွာ အတူတကွကြိုးပမ်း အားထုတ်ခဲ့ပြီးနောက် အားကောင်းသောအရှိန်အဟုန် နှင့် ပြည့်ဝသောတက်ကြွမှုများကို ထိန်းသိမ်းထားပြီး လက်တွေ့ကျသောရလဒ်များ ရရှိခဲ့သည်ကို အာဆီယံ-တရုတ် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုက ပြသနေကြောင်း၊ ထို့ကြောင့် ယင်းစကားလုံးနှစ်လုံးသည် အာဆီယံနိုင်ငံများနှင့် တရုတ်နိုင်ငံအကြား ဆက်ဆံရေး၏ အနှစ်သာရကို အလွန်ကောင်းမွန်စွာ အနှစ်ချုပ်ဖော်ပြနိုင်သည်ဟု မိမိယူဆကြောင်း၊ အာဆီယံနှင့်တရုတ်အကြား ပူးပေါင်းဆောင်ရွက်မှုယန္တရား ၆၄ ခုတွင် အာဆီယံအသိုက်အဝန်း၏ မဏ္ဍိုင်သုံးရပ်နှင့် အာဆီယံအပြန်အလှန်ချိတ်ဆက်မှုကို လွှမ်းခြုံထားပြီး အလွန်ကျယ်ပြန့်ကြောင်း၊ ခြုံငုံကြည့်ပါက မိမိတို့၏ ဆွေးနွေးဖက် ၁၁ ခုအတွင်း အာဆီယံနှင့် တရုတ်အကြားရှိ ပူးပေါင်းဆောင်ရွက်မှုယန္တရားများသည် အများဆုံးဖြစ်ကြောင်း ပြောကြားခဲ့သည်။