တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီသည် လာအို ပြည်သူ့ တော်လှန်ရေးပါတီ ထူထောင်ခဲ့သည့် နှစ် ၇၀ ပြည့်မြောက်ခြင်း အထိမ်းအမှတ်အတွက် ဂုဏ်ပြုသဝဏ်လွှာပေးပို့

CGTN, March 24, 2025
Size:

မတ်လ ၂၂ ရက်နေ့တွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီသည် လာအို ပြည်သူ့တော်လှန်ရေးပါတီ   ထူထောင်ခဲ့သည့် နှစ် ၇၀ ပြည့်မြောက်ခြင်း အထိမ်းအမှတ်အတွက်  လာအို ပြည်သူ့တော်လှန်ရေးပါတီထံသို့ ဂုဏ်ပြု သဝဏ်လွှာပေးပို့ခဲ့သည်။

ယင်း ဂုဏ်ပြုသဝဏ်လွှာတွင် ဆိုရှယ်လစ် ရဲဘော်နှင့် ညီအစ်ကိုများအနေဖြင့် တရုတ်နိုင်ငံမှ ပါတီ၊ အစိုးရနှင့် ပြည်သူများသည် လာအိုနိုင်ငံမှ ပါတီ၊ အစိုးရနှင့် ပြည်သူများကို ယုံကြည်စိတ်ချရသော မိတ်ဆွေနှင့် မိတ်ဖက်အဖြစ် အမြဲတမ်း သဘောထားပြီး မဟာဗျူဟာမြောက်နှင့် ရေရှည် ဖွံ့ဖြိုးတိုးတက်ရေး ရှုထောင့်မှနေ တရုတ်-လာအို ဆက်ဆံရေးကို အလေးထားကြောင်း၊ တရုတ်ကွန်မြူနစ်ပါတီသည် လာအိုပြည်သူ့တော်လှန်ရေးပါတီနှင့်အတူ နိုင်ငံ နှစ်နိုင်ငံ နှင့် ပါတီ နှစ်ခုမှ ထိပ်သီးခေါင်းဆောင်များ ရရှိထားသော အရေးကြီး သဘောတူညီမှုကို အကောင်အထည်ဖော်ဆောင်ရန်၊ အဆင့်မြင့်အရာရှိများအကြား ကူးလူးဖလှယ်မှုများကို ပိုမို ရင်းနှီးစေရန်၊ မဟာဗျူဟာမြောက် ဆက်ဆံရေးကို အားကောင်းစေရန်၊ နိုင်ငံရေးအရ အပြန်အလှန် ယုံကြည်မှုကို မြှင့်တင်ရန်နှင့် နယ်ပယ်အသီးသီးတို့မှ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။