ဆက်သွယ်ရေးလိမ်လည်မှု စသည့် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများ ပျံ့နှံ့လာသည်နှင့်အမျှ မည်သို့သော တရားစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုများဖြင့် တရုတ်နိုင်ငံသားများ၏ တရားဝင်အခွင့်အရေးများနှင့် အကျိုးစီးပွားများကို အာမခံနိုင်မည်နည်း။ တရုတ်ပြည်သူ့ကွန်ဂရက်ကိုယ်စားလှယ်၊ ယူနန်တက္ကသိုလ် လူမှုသိပ္ပံဌာန ညွှန်ကြားရေးမှူး ကောင်းဝေးသည် မတ်လ ၁၁ ရက်က China Daily သတင်းစာတွင် ဆောင်းပါးတစ်ပုဒ် ရေးသားခဲ့ရာ ထိုဆောင်းပါးတွင် အောက်ပါအကြောင်းအရာများအား ဖော်ပြခဲ့သည်။ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးမူဘောင်နှင့် နှစ်နိုင်ငံ သဘောတူညီချက်များဖြင့် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများကို တိုက်ဖျက်ရာတွင် ထိရောက်မှု အာမခံရရှိစေရန် ဒေသတွင်း နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများ စီမံခန့်ခွဲရေးယန္တရားကို ထူထောင်ပြီး နိုင်ငံပေါင်းစုံနှင့် နှစ်နိုင်ငံ ဥပဒေပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်သင့်ကြောင်း ဆောင်းပါး၌ ရေးသားဖော်ပြထားသည်။
ဆက်သွယ်ရေးလိမ်လည်မှု စသည့် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများအား စီမံခန့်ခွဲမှုသည် ရေရှည်ယန္တရား ထူထောင်ရန်၊ ဒေသတွင်း တရားဥပဒေ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်၊ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများအတွက် ဒေသတွင်း တရားဥပဒေ ပူးပေါင်းဆောင်ရွက်မှု ညှိနှိုင်းယန္တရားကို တည်ဆောက်သင့်ကြောင်း ဆောင်းပါး၌ ယူဆသည်။ ဥပမာအားဖြင့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုမူဘောင်မှတစ်ဆင့် အထူးသတ်မှတ်ထားသောအမျိုးအစား ဖြစ်သည့် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများ စီမံခန့်ခွဲရေးအတွက် ဘက်ပေါင်းစုံ သဘောတူညီချက်များ ချုပ်ဆိုနိုင်ကြောင်း၊ ဘက်ပေါင်းစုံ သဘောတူညီချက်မူဘောင်အတွင်း နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများကို ပူးတွဲတိုက်ဖျက်ရာတွင် သက်ဆိုင်ရာနိုင်ငံများ ထမ်းဆောင်ရမည့် တိကျသော ဝတ္တရားများနှင့် လုပ်ဆောင်ချက်လမ်းကြောင်းများကို ရှင်းလင်းစွာ သတ်မှတ်ရမည်ဖြစ်ပြီး အထူးသဖြင့် နိုင်ငံအသီးသီးက ဆောင်ရွက်သင့်သော နိုင်ငံရေးလုပ်ဆောင်ချက်များနှင့် သက်ဆိုင်ရာဥပဒေစနစ်များကို တိကျစွာ သတ်မှတ်ရမည်ဖြစ်ကြောင်း၊ အထူးသတ်မှတ်ထားသော နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများကို ဥပဒေအရ အကဲဖြတ်ရာတွင် ဒေသတွင်းအဆင့်တွင် ယေဘုယျကျမှုနှင့် စည်းလုံးညီညွတ်မှုကို ဖော်ဆောင်ရမည်ဖြစ်ကြောင်း ဆောင်းပါးတွင် ဖော်ပြထားသည်။ တစ်ချိန်တည်းတွင်ပင် ရာဇ၀တ် ကျူးလွန်မှုများကို ကွင်းဆက်သဖွယ် နှိမ်နင်းမှုနှင့်အတူ ထိခိုက်နစ်နာသူများ၏တရားဝင်အခွင့်အရေးနှင့် အကျိုးစီးပွားများကို အာမခံကာကွယ်ပေးနိုင်ရန်အတွက် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများ အဖြစ်များ ပိုမိုထင်ရှားသောဒေသများကို တရုတ်နိုင်ငံအနေဖြင့် သတ်မှတ်ထားသောနိုင်ငံနှင့် နှစ်နိုင်ငံသဘောတူညီချက်များ ချုပ်ဆိုနိုင်ပြီး အထူးသတ်မှတ်ထားသောဒေသများရှိ တရုတ်နိုင်ငံသား ရာဇဝတ်မှု ကျူးလွန်သည်ဟု သံသယရှိသူများ၏ အပြစ်ဒဏ်ပေးခြင်း သို့မဟုတ် လွှဲပြောင်းပေးခြင်းနှင့် အထူးသတ်မှတ်ထားသောဒေသများရှိ တရုတ်နိုင်ငံသား ထိခိုက်နစ်နာသူအား ကယ်ဆယ်ရေးနှင့် ကာကွယ်ရေး စသည့်ကိစ္စရပ်များကို ရှင်းလင်းစွာ သတ်မှတ်သင့်ကြောင်း ၎င်းဆောင်းပါးတွင် ရေးသားဖော်ပြထားပါသည်။