အာရှရုပ်ရှင်ထူးချွန်ဆုကို ရရှိခဲ့သော တရုတ်သရုပ်ဆောင် ထန်းဝေအား ကော်ဇောနီထက်တွင် မတ် ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
၁၈ ကြိမ်မြောက် အာရှရုပ်ရှင်ဆုချီးမြှင့်ပွဲ အခမ်းအနားကို တရုတ်နိုင်ငံ ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ အနောက်ကျိုလုံယဉ်ကျေးမှု ခရိုင်ရှိ အော်ပရာပြဇာတ်စင်တာတွင် မတ် ၁၆ ရက်က ကျင်းပခဲ့သည်။ တရုတ် သရုပ်ဆောင် ထန်းဝေက အာရှရုပ်ရှင်ထူးချွန်ဆုကို ရရှိခဲ့ပြီး တရုတ်ဟောင်ကောင်သရုပ်ဆောင် လျိုချင်းယွင် (Sean Lau) ကမူ အကောင်းဆုံး အမျိုးသား သရုပ်ဆောင်ဆုကို ရရှိခဲ့သည်။ ရုပ်ရှင်ကား “Twilight of the Warriors: Walled In” က အကောင်းဆုံး အနုပညာ လမ်းညွှန်မှုနှင့်အကောင်းဆုံး တည်းဖြတ်မှု ဆုရရှိခဲ့ပြီး တရုတ်ဟောင်ကောင် တေးရေးဆရာ ကျူးယွင်ပြန်း (Wan Pin Chu) က “The Last Dance” ရုပ်ရှင်အတွက် အကောင်းဆုံး မူရင်းတေးဂီတဖန်တီးဆုကို ရရှိခဲ့သည်။ ဂျပန်သရုပ်ဆောင် Kōji Yakusho က တစ်သက်တာအောင်မြင်မှုဆုကို ရရှိခဲ့သည်။ (Xinhua)
၁၈ ကြိမ်မြောက် အာရှရုပ်ရှင်ဆုချီးမြှင့်ပွဲ၏ အကဲဖြတ်ဥက္ကဋ္ဌ ဟုန်ကျင်းပေါင် (Sammo Hung) ကို ကော်ဇောနီထက်တွင် မတ် ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)