ရန်ကုန်မြို့တော်အတွင်း သွားလာလှုပ်ရှားနေမှုအား တွေ့ရစဥ်(ဆင်ဟွာ)
မြန်မာနိုင်ငံတစ်ဝန်းတွင် အပူချိန်များ မြင့်တက်လာခြင်းကြောင့် ကျန်းမာရေး၀န်ကြီးဌာနက ပြည်သူများအတွက် ကြိုတင်ကာကွယ်ရေးနှင့် ဘေးကင်းရေး လမ်းညွှန်ချက်များ ထုတ်ပြန်လိုက်ကြောင်း သိရသည်။
အဆိုပါ အပူချိန်မြင့်တက်လာမှုကြောင့် ပြည်သူများအနေဖြင့် အရိပ်ရ၍ အေးမြသောနေရာများတွင် နေထိုင်ရန်၊ မိမိအသားကို နေရောင်နှင့်တိုက်ရိုက် မထိတွေ့စေရန် လက်၊ လည်ပင်းနှင့် ပခုံးတို့ကိုပါ ဖုံးထားနိုင်သည့် အရောင်ဖျော့သည့် ပွပွချောင်ချောင် ချည်ထည်များကို ၀တ်ဆင်ရန်၊
နေ့ခင်းဘက် အပြင်ထွက်သည့်အခါ ထီးနှင့် ဦးထုပ်များ အသုံးပြုရန်၊ ရေများများသောက်ရန် ကျန်းမာရေး၀န်ကြီးဌာနက လိုက်နာချက်များ ထုတ်ပြန်ထားကြောင်း သိရသည်။
ရှောင်ကြည်ရန်အချက်များအနေဖြင့် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအတွင်း နေရောင်ခြည်တိုက်ရိုက်ထိတွေ့မှုကို ရှောင်ကြဉ်ရန်၊ ပြင်းထန်သောနေရောင်ခြည်အောက်တွင် အလုပ်လုပ်ကိုင်ခြင်းနှင့် ကိုယ်လက်လှုပ်ရှားမှုများ ပြင်းပြင်းထန်ထန်လုပ်ဆောင်ခြင်းကို ရှောင်ကြဉ်ရန်၊ နေပူထဲမှပြန်လာပြီး ချက်ချင်းရေချိုးခြင်းကို ရှောင်ကြဉ်ရန်၊ ပူပြင်းသောနေရောင်ခြည်အောက်မှ အလွန်အေးသောအခန်းနှင့် ကားအတွင်းသို့ ချက်ချင်း၀င်/ထွက်ခြင်းကို ရှောင်ကြဉ်ရန်နှင့် အရက်သေစာသောက်စားခြင်းကို ရှောင်ကြဉ်ရန် ထုတ်ပြန်ထားကြောင်း သိရသည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ နိုင်ငံတစ်ဝန်းရှိ မြို့ကြီးများတွင် မတ် ၁၇ရက်၌ အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်ကို ကျော်လွန်နေပြီး ချောက်မြို့နယ်တွင် ၄၄ ဒီဂရီစင်တီဂရိတ်၊ မကွေးတိုင်းဒေသကြီးတွင် ၄၂ .၅ ဒီဂရီစင်တီဂရိတ်နှင့် ညောင်ဦးတွင် ၄၁ .၈ ဒီဂရီစင်တီဂရိတ်တို့ဖြစ်ကြောင်း သိရသည်။(Xinhua)
ရန်ကုန်မြို့တော်အတွင်း သွားလာလှုပ်ရှားနေမှုအား တွေ့ရစဥ်(ဆင်ဟွာ)