တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံထားသော အမြန်လမ်းက ကမ္ဘောဒီးယား ဝန်ထမ်းများကို နည်းပညာနှင့် အတတ်ပညာကျွမ်းကျင်မှု လွှဲပြောင်းမှုများ၏ အရင်းအမြစ်ဖြစ်

Xinhua, March 18, 2025
Size:

ကမ္ဘောဒီးယားနိုင်ငံ Kampong Speu ပြည်နယ်ရှိ ဖနွမ်းပင်-သီဟာနုဗီလာအမြန်လမ်း၏ လမ်းပိုင်းတစ်နေရာကို ၂၀၂၄ ခုနှစ် စက်တင်လာ ၂၅ ရက်က ဝေဟင်ဓာတ်ပုံမှတစ်ဆင့် တွေ့ရစဉ် (ဓာတ်ပုံ- Cambodian PPSHV Expressway Co., Ltd./Handout via Xinhua

အသက် ၄၅ နှစ်အရွယ် Cheang Chimann သည် ယခင်က အမြန်လမ်းအကြောင်း သိရှိထားခြင်းမရှိခဲ့သော်လည်း ၎င်းအနေဖြင့် အလုပ်ကမ်းလှမ်းချက်ရရှိခဲ့ပြီး အမြန်လမ်းကို မည်ကဲ့သို့ကိုင်တွယ်ဆောင်ရွက်ရမည်ကို တရုတ်ပညာရှင်များက လေ့ကျင့်သင်ကြားပေးပြီးချိန်တွင်မူ ၎င်း၏ဘဝသည် လုံးဝဥဿုံပြောင်းလဲသွားခဲ့သည်။
၁၈၇ ကီလိုမီတာရှိသော ဖနွမ်းပင်-သီဟာနုဗီလာအမြန်လမ်းကို လည်ပတ်လုပ်ကိုင်ပြီး တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံထားသော Cambodian PPSHV Expressway ကုမ္ပဏီလီမိတက်တွင် ၂၀၂၂ ခုနှစ်က လက်တွဲလုပ်ကိုင်ခြင်းဖြင့် Chimann သည် အမြန်လမ်းစီမံခန့်ခွဲမှုကို ကျွမ်းကျင်လာခဲ့ကာ အတွေ့အကြုံမရှိသေးသော ဝန်ထမ်းဘဝမှ အမြန်လမ်း၏ ၁၇၂ Stung Hav စခန်းကို ကြီးကြပ်သူအဖြစ် ၎င်းကိုယ်တိုင်အား အသွင်ပြောင်းလဲလိုက်ပြီဖြစ်သည်။
ကလေးနှစ်ယောက်ဖခင်ဖြစ်သူ Chimann သည် တရုတ်ကျွမ်းကျင်ပညာရှင်များက အမြန်လမ်းတွင် အရည်အချင်းရှိ ကမ္ဘောဒီးယားဒေသခံများအား နည်းပညာနှင့် အတတ်ပညာကျွမ်းကျင်မှု လွှဲပြောင်းပေးမှု၏ စစ်မှန်သော စံနမူနာတစ်ရပ်လည်း ဖြစ်ပေသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/1Zl

ကမ္ဘောဒီးယားနိုင်ငံ Kampong Speu ပြည်နယ်ရှိ ဖနွမ်းပင်-သီဟာနုဗီလာအမြန်လမ်း၏ ယာဉ်ဖြတ်သန်းခကောက်ခံရေးစခန်းကို ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Cambodian PPSHV Expressway Co., Ltd./Handout via Xinhua)