မတ်လ ၆ ရက်နေ့တွင် လန်ချန်း-မဲခေါင် သီးခြားစီမံကိန်းရန်ပုံငွေ၏စီမံကိန်း ဖြစ်သော “ဆိုလာစွမ်းအား ပြသခြင်းနှင့် သင်တန်းပေးခြင်းစင်တာ”နှင့် ”အစားအစာလုံခြုံရေး ဓာတ်ခွဲစစ်ဆေးရေးစင်တာ” ဖွင့်လှစ်ခြင်း အခမ်းအနား ကျင်းပ၍ မြန်မာပြည်ဆိုင်ရာ တရုတ်သံရုံးမှ သံမှူးကြီး Zheng Zhihong၊ မြန်မာနိုင်ငံ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး အောင်ဇေယျ၊ ရန်ကုန်တိုင်းဒေသကြီးမှ ကိုယ်စားလှယ်များ၊ မြန်မာပြည်ဆိုင်ရာ မဲခေါင်နိုင်ငံများမှ သံတမန်အရှာရှိများ စုစုပေါင်း ၁၀၀ ကျော်သည် ၎င်းအခမ်းအနားသို့ ပါဝင်တက်ရောက်ကြသည်။
တရုတ်နိုင်ငံ၏ ဆိုလာလျှပ်စစ်ထုတ်လုပ်ရေးပမာဏသည် ကမ္ဘာ့တွင် နံပါတ် ၁ နေရာတွင် အမြဲရှိနေသည် ဖြစ်ပြီး သုတေသနပြုခြင်းနှင့် ထုတ်လုပ်ခြင်းကို ပါဝင်သော လုပ်ငန်းကွက်ဆက်တစ်ခုလုံးကို ထူထောင်လာပြီဖြစ်သည်။ တရုတ်နိုင်ငံသည် အစားအစာလုံခြုံရေးကို အလေးထားပြီး ဓာတ်ခွဲစစ်ဆေးမှုစနစ်ကို ပိုမိုပြည့်စုံလာသည်။ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုသည် အစိမ်းရောင်တိုးတက်မှုအတွေးအခေါ်ကို အမြဲကိုင်စွဲပြီး တရုတ်နိုင်ငံသည် သက်ဆိုင်ရာနယ်ပယ်များတွင် မြန်မာနိုင်ငံအပါအဝင် မိတ်ဖက်နိုင်ငံများနှင့် သိပ္ပံနှင့် နည်းပညာဖလှယ်ရေးကို တိုးချဲလုပ်ဆောင်ပြီး ဒေသတစ်ခုလုံး ဆက်တိုက်ဖွံ့ဖြိုးတိုးတက်နိုင်အောင် တွန်းအားပေးမည်ဟု သံမှူးကြီး Zhihong က ပြောကြားသည်။
အောင်ဇေယျသည် တရုတ်နိုင်ငံ၏ ငွေးကြေးထောက်ပံ့မှုကို ကျေးဇူးတင်ကြောင်း၊ “ဆိုလာစွမ်းအား ပြသခြင်းနှင့် သင်တန်းပေးခြင်းစင်တာ”သည် ဆိုလာစွမ်းအား အသုံးပြုခြင်းကို ပြသသော အထွေထွေပလက်ဖောင်း ဖြစ်ပြီး ”အစားအစာလုံခြုံရေး ဓာတ်ခွဲစစ်ဆေးရေးစင်တာ”သည် ဓာတ်ခွဲစစ်ဆေးမှုအမျိုးမျိုးကို ပြုလုပ်နိုင်၍ မြန်မာနိုင်ငံ၏ အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် အစားအစာလုံခြုံရေးအတွက် အကျိုးပြုနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
အခမ်းအနားအပြီးတွင် ယင်းအခမ်းအနားသို့ ပါဝင်တက်ရောက်သူများသည် ၎င်းစင်တာနှစ်ခုကို လှည့်လည်ကြည့်ရှုကြပါသည်။