တရုတ်နှင့် အာဆီယံတို့သည် ဖွံ့ဖြိုးတိုးတက်မှုအတွက် "ဒစ်ဂျစ်တယ်အင်ဂျင်" ကို တည်ဆောက်ရန် အတူတကွ လုပ်ဆောင်ကြမည်

CGTN, March 14, 2025
Size:

   ၁၄ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာပြည်သူ့ကွန်ဂရက် တတိယအကြိမ်အစည်းအဝေးတွင် ကွမ်ရှီး ကိုယ်စားလှယ်အဖွဲ့က "ကွမ်ရှီးတွင် တရုတ်-အာဆီယံ ဉာဏ်ရည်တု တီထွင်ဆန်းသစ်မှု ပူးပေါင်းဆောင်ရွက်ရေးဗဟိုဌာန ထူထောင်ရေးတွင် ထောက်ခံအားပေးရေး အဆိုပြုချက်" ကို တင်သွင်းခဲ့ပါသည်။ ယခုဉာဏ်ရည်တုခေတ်တွင် ကွမ်ရှီးသည် ကိုယ့်ကိုယ်ကိုထူးခြားသော အားသာချက်များကို အသုံးပြုပြီး ဒစ်ဂျစ်တယ်စီးပွားရေးနယ်ပယ်တွင် အာဆီယံနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုကို အာဖြည့်ပြုလုပ်ခဲ့ပါသည်။ ယခုနှစ် ဖေဖော်ဝါရီလက ကွမ်ရှီးနှင့် လာအိုတို့သည် တရုတ်-လာအို ဉာဏ်ရည်တု တီထွင်ဆန်းသစ်မှု ပူးပေါင်းဆောင်ရွက်ရေးစင်တာကို ပူးတွဲတည်ဆောက်ရန် သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးချုပ်ဆိုခဲ့ပြီး ယင်းသည် တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံ အကြား လက်မှတ်ရေးထိုးထားသော ပထမဆုံးသော ဉာဏ်ရည်တု ပူးပေါင်းဆောင်ရွက်မှု နှင့် ဆန်းသစ်တီထွင်မှု ပလက်ဖောင်းတစ်ခုဖြစ်ပါသည်။

ယခုနှစ်များအတွင်း တရုတ်နှင့် အာဆီယံနိုင်ငံများအကြား ဒစ်ဂျစ်တယ်နယ်ပယ်တွင် နှစ်ဖက် နှင့် ဘက်ပေါင်းစုံပူးပေါင်းဆောင်ရွက်မှုများ ထွန်းကားလာခဲ့ပြီး ဘက်အသီးသီးတို့သည် "ဒစ်ဂျစ်တယ် အောင်မြင်မှုများ"ကို မျှဝေခဲ့ကြကာ ဒေသတွင်းစီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုမိုတွန်းအားအသစ်များဖန်တီးရန် အတူတကွလုပ်ဆောင်ခဲ့ကြပါသည်။