မတ်လ ၉ ရက်နေ့ ညနေပိုင်းက တရုတ်ပြည်သူ့တရားရုံးချုပ်မှ ကျင်းပသော ၂၀၂၅ ခုနှစ် တရုတ် NPC နှင့် CPPCC အစည်းအဝေးများ တရားရုံးချုပ်လုပ်ငန်းအစီရင်ခံစာကို ရှင်းပြပေးရန် ဒုတိယအကြိမ် မီဒီယာများနှင့် တိုက်ရိုက်တွေ့ဆုံမေးမြန်းမှုတွင် တရုတ် ပြည်သူ့တရားရုံးချုပ် အမှတ် ၁ ရာဇဝတ်ခုံရုံး ဥက္ကဋ္ဌ He Li က လွန်ခဲ့သည့်နှစ်များတွင် ပြည်သူ့လုံခြုံရေးဌာနများ၊ ပြည်သူ့ရှေ့နေရုံးများနှင့် ပြည်သူ့တရားရုံးများသည် ပူးပေါင်း ဆောင်ရွက်ပြီး တိုက်ဖျက်မှုအင်အားကို ဆက်တိုက်တိုးမြှင့်ခဲ့ရာ ဆက်သွယ်ရေးနှင့် အွန်လိုင်းလိမ်လည်မှု အရှိန်အဟုန်ဖြင့် တိုးများလာခဲ့သည်ကို ပြတ်ပြတ်သားသား တားဆီး ခဲ့ကြကြောင်း၊ မကြေသေးမီက ကျဲ့ကျန်းပြည်နယ် Wenzhou မြို့ အလယ်အလတ်တန်း တရားရုံးသည် မြန်မာနိုင်ငံမြောက်ပိုင်းဒေသရှိ Ming မိသားစု ပြစ်မှုကျူးလွန်မှုဂိုဏ်းအဖွဲ့၏ အဓိကအမှုအခင်းများကို လူသိရှင်ကြားရုံးတင်စစ်ဆေးခဲ့ရာ နိုင်ငံဖြတ်ကျော် ဆက်သွယ်ရေး နှင့် အွန်လိုင်းလိမ်လည်မှု ပြစ်မှုကျူးလွန်မှုများကို ဥပဒေအရ အရေးယူရန် ပြင်းထန်သော အချက်ပြမှုများကို ဆက်တိုက်ပို့ပေးကြောင်း ပြောကြားခဲ့ပါသည်။