မတ်လ ၇ ရက်နေ့ နံနက်ပိုင်းတွင် ၁၄ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ ကွန်ဂရက် တတိယအကြိမ် အစည်းအဝေး၏ သတင်းစာရှင်းလင်းပွဲ၌ တရုတ်ကွန်မြူနစ် ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ ကော်မတီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ သည် တရုတ်နိုင်ငံ၏ သံတမန်ရေးရာမူဝါဒများ၊ နိုင်ငံတကာ ဆက်ဆံရေးနှင့်ပတ်သက်ပြီး ပြည်တွင်း ပြည်ပ သတင်းထောက်များ၏ မေးမြန်းချက်များကို ဖြေကြားခဲ့ရာမှာ
ဝမ်ယိက နယ်စပ်ဒေသအနီးရှိ မြန်မာ မြောက်ပိုင်းဒေသ အွန်လိုင်းဆက်သွယ်ရေး လိမ်လည်မှု ဇုန်ကို အကုန်လုံး ရှင်းလင်းလိုက်ပြီ ဖြစ်ကြောင်း၊ တရုတ်၊ ထိုင်း၊ မြန်မာ၊ လာအို နိုင်ငံ လေးနိုင်ငံတို့သည် ထိုင်း-မြန်မာ နယ်စပ်ဒေသမှ အွန်လိုင်း လိမ်လည်မှုများကို စုပေါင်း တိုက်ဖျက် နေကြောင်း၊ မိမိတို့၏ တာဝန်သည် ပြည်သူလူထုများကို ထိခိုက်စေသော "လက်မည်း" ကို ဖြတ်တောက်ပြီး အွန်လိုင်း လိမ်လည်မှု ဖြစ်သည့် "မြင်းဖုဆိုးကြီး"ကို ဖျက်ပစ် ရန်ပင် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။