မတ်လ ၇ ရက်နေ့က ကျင်းပသော တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ ကွန်ဂရက်နှင့် ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာကော်မတီ နှစ်ပတ်လည် အစည်းအဝေး များ၏ သတင်းစာရှင်းလင်းပွဲတွင် အိမ်နီးနားချင်း သံတမန် ဆက်ဆံရေး အကြောင်း ပြောကြားရာမှာ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ ကော်မတီဝင်၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိက ယခုရာစုနှစ်အတွင်း အာရှစီးပွားရေး လျင်မြန်စွာ ဖွံ့ဖြိုး တိုးတက်လာပြီး နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး၏ အမြင့်နေရာနှင့် ငြိမ်းချမ်းရေး တည်ငြိမ်မှုနေရာ ဖြစ်လာပါကြောင်း၊ အိမ်နီးချင်း အချင်းချင်းမှာ မလွှဲမရှောင်သာ ထိမိခိုက်မိတာတွေ ရှိနိုင်ကာ သမိုင်းမှ ကျွင်းကျန်ရစ်သော ပြဿနာများနှင့် လက်ရှိ အကျိုးစီးပွားဆိုင်ရာ အငြင်းပွားမှုများကို သင့်တော်စွာ ဖြေရှင်းရန် လိုအပ်ကြောင်း၊ သို့သော် မိမိတို့သည် မိသားစု သင့်မြတ်ပါက အရာအားလုံး အဆင်ပြေ ရှင်သန်မည် ဆိုတာကို ယုံကြည်ပါကြောင်း၊ အမေရိကန်က ဒေသတွင်းမှာ တာလတ်ပစ် ဒုံးကျည်များ ချထားခြင်းကို တရုတ်နိုင်ငံက ပြတ်ပြတ်သားသား ကန့်ကွက်ပြီး ဒေသတွင်း နိုင်ငံများကလည်း မကြိုဆိုပါကြောင်း၊ အာရှသည် နိုင်ငံကြီးများ ယှဉ်ပြိုင်ရာနေရာ မဟုတ်ဘဲ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ စံပြဇုန် ဖြစ်သင့်ကြောင်း၊ မိမိတို့သည် တံခါးဖွင့်လှစ်သော ဒေသဆိုင်ရာ ဝါဒကို တိုက်တွန်းပြီး အပြန်အလှန် လေးစားရေးနှင့် အပြန်အလှန် အကျိုးရှိစေရေး အခြေခံပေါ်တွင် အာရှ၏ ဖွံ့ဖြိုးတိုးတက်ရေး အခွင့်အလမ်း များကို အတူ ခံစားကြရန် တိုက်တွန်းပါကြောင်း ပြောကြားခဲ့ပါသည်။