မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် China Media Group (CMG) တို့မှ ကြီးမှူးကျင်းပ သည့် “ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ကျောင်းတွင်းသို့ရောက်ရှိလာခြင်း” အစီအစဉ်ကို မတ်လ ၅ ရက်နေ့တွင် ရန်ကုန်နိုင်ငံခြား ဘာသာတက္ကသိုလ်၌ ကျင်းပခဲ့ပြီး အခမ်းအနားသို့ ဆရာ ဆရာမ ကျောင်းသား ကျောင်းသူများ၊ မြန်မာနိုင်ငံရှိ တရုတ်ပညာရေး အဖွဲ့အစည်း များနှင့် ရန်ကုန် တရုတ်ယဉ်ကျေးမှုစင်တာမှ ကိုယ်စားလှယ်များ အပါအဝင် စုစုပေါင်း လူ ၃၀၀ ကျော် တက်ရောက် ခဲ့ကြသည်။
ရန်ကုန်နိုင်ငံခြား ဘာသာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာမေစန်းရီမှ အခမ်းအနား ဖွင့်ပွဲတွင် အမှာစကား ပြောကြားရာ၌ ကျောင်းဝင်းယဉ်ကျေးမှုဖလှယ်ရေး အစီအစဉ်၏ အပြုသဘောဆောင်သော အရေးပါမှုကို ထောက်ခံအားပေးခဲ့သည်။ မြန်မာ့ ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ ဥက္ကဋ္ဌ ဒေါ်စန္ဒာခင်သည် မြန်မာ့ သင်္ကြန်ပွဲတော် လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ခဲ့ ခြင်း၊ ကာကွယ်ခြင်း၊ အသုံးချခြင်းနှင့် စပ်လျဉ်းသည့် အတွေ့အကြုံများကို မျှဝေ ဖလှယ်ခဲ့သည်။ တရုတ်သံရုံးမှ သံမှူး Mr. Li Qianguo သည် ရိုးရာ၊ အော်ပရာ၊ ဂီတ၊ ရိုးရာ အတတ်ပညာနှင့် ရိုးရာစာပေ စသည့် တရုတ်နိုင်ငံ၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များကို မျှဝေခဲ့သည်။ China Media Group ၏ သတင်းထောက်သည် “ကျက်သရေရှိစွာ တောက်ပသော ဒြပ်မဲ့ယဉ်ကျေးမှု” အစီအစဉ်ကို မိတ်ဆက်ပေးခဲ့ပြီး လူကြိုက်များသော ရုပ်သံ ဇာတ်လမ်းထဲမှ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်၏ အစိတ်အပိုင်း အသုံးချပုံကို ရှင်းပြ ခဲ့သည်။
အခမ်းအနားတွင် ထိုက်ကျိ ၊ ဗျက်စောင်း ၊ ခြင်းလုံး ၊ သီချင်းဆိုအက၊ လျှာလိပ် စကားစုများ ၊ မေးခွန်းများ အမြန်လုဖြေခြင်း စသော အပြန်အလှန်လှုပ်ရှားမှု အကြောင်း အရာများဖြင့် တရုတ်မြန်မာ တို့၏ ရိုးရာယဉ်ကျေးမှုတန်ဖိုးနှင့် ကျက်သရေကို ထင်ရှား ပေါ်လွင် စေခဲ့ပါသည်။