ဘေကျင်းမြို့၌ ကျင်းပနေသည့် ၂၀၂၅ခုနှစ် တရုတ် NPC နှင့် CPPCC အစည်းအဝေးတွင် တရုတ်နိုင်ငံ၏ အဆင့်မြင့်သော တံခါးဖွင့်ရေးနှင့် တရုတ်နှင့်မိတ်ဖက်နိုင်ငံအသီးသီးတို့ အတူဖွံ့ဖြိုး တိုးတက်ရေးသည် နိုင်ငံခြား သတင်းထောက်များ၏ အာရုံစူးစိုက်မှုများဖြစ်လာခဲ့သည်။ နိုင်ငံခြားသတင်းထောက်များက တရုတ်နိုင်ငံ၏ အဆင့်မြင့်သော တံခါးဖွင့်ရေးသည် ကမ္ဘာ့အတွက် အကျိုးပြုသည်ဟု ပြောကြားခဲ့ကြပါသည်။
China Arab TVမှ သတင်းထောက် ဖှောင်းဟောက်မင်က တရုတ်နိုင်ငံသည် တံခါးဖွင့်ရေးနယ်ပယ်၌ ကောင်းမွန်စွာ ဆောင်ရွက်ပြီး တရုတ်နိုင်ငံ၏ နိုင်ငံတကာ ဩဇာ ညောင်းမှုကို မြင်တွေ့နိုင်ကြောင်း၊ လူများသည် တရုတ်နိုင်ငံ၏ရုပ်ရှင်ဇာတ်ကားများကို ကြည့်ပြီး တရုတ်နိုင်ငံထုတ် စွမ်းအင်သစ်ကို မြင်တွေ့ကာ တရုတ်ထုတ်ကုန်ပစ္စည်းများကို သုံးဆောင်နေကြောင်း ပြောကြားပါသည်။
ထရီနီဒက်နှင့်တိုဘာဂို နိုင်ငံတော်ရုပ်မြင်သံကြားဌာနမှ သတင်းထောက် ဒါနီအယ်လ် ဂျွန်းက မိမိအနေနှင့် တရုတ်နိုင်ငံနှင့် ကာရစ်ဘီယံပင်လယ်ဒေသရှိ နိုင်ငံငယ်များအကြား မည်သို့ ပူးပေါင်းဆောင်ရွက်ကြသနည်း၊ စီးပွားရေး၊ ကုန်သွယ်ရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုကို မည်သို့ အားဖြည့်ပြုလုပ်သနည်း၊ အထူးသဖြင့် သိပ္ပံနည်းပညာ နှင့် လယ်ယာ စိုက်ပျိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို မည်သို့ နက်ရှိုင်းစေသနည်း ဆိုသည်များကို အလွန်စိတ်ဝင်စားကြောင်း ပြောကြားခဲ့ပါသည်။