ဒူးရင်းသီးမှ ခရုခေါက်ဆွဲအထိ တရုတ်-ထိုင်း နှစ်နိုင်ငံ e-commerce အတွက် “အပြန်အလှန် ဆက်သွယ်မှုလမ်းကြောင်း” ကို တည်ဆောက်ပေးခဲ့တဲ့" ထိုင်းနိုင်ငံမှ ပါရဂူဘွဲ့ရ Streamer

CGTN, March 7, 2025
Size:

ထိုင်းအမျိုးသမီး ထိုင်လုလု (Tai Lulu) ဟာ အချိန် ၅ နှစ်ပေးပြီး အွန်လိုင်းတိုက်ရိုက်ထုတ်လွှင့်မှုမှာ “အပြန်အလှန်ဆက်သွယ်မှုလမ်းကြောင်း” တည်ဆောက်ခဲ့ပါတယ်။ မနက်ပိုင်းမှာ ထိုင်းနိုင်ငံက အင်တာနက် အသုံးပြုသူတွေကို တရုတ် ကွမ်ရှီးခရုခေါက်ဆွဲကြော်ငြာမိတ်ဆက်ပေးပြီး ညပိုင်းမှာတော့ တရုတ်နိုင်ငံက “အင်တာနက်မိတ်ဆွေ” တွေကို ထိုင်း မွန်ထောင်းဒူးရင်းသီးကို မိတ်ဆက် ပေးနေခဲ့ပါတယ်။ စီးပွားရေး အထူးပြုပါရဂူဘွဲ့ရအဖြစ်မှ Streamer အဖြစ် အလုပ်အကိုင် ပြောင်းပြီးနောက်မှာ အံ့ဩမှင်သက်စရာ ကောင်းလောက်တဲ့ အရောင်းရလဒ်များကို စံချိန်တင်နိုင်ခဲ့တဲ့ အပြင် အာဆီယံလူငယ် အများအပြားကို အီလက်ထရောနစ်ကုန်သွယ်ရေးထဲမှာ ပါဝင်လုပ်ကိုင်လာဖို့ လှုံ့ဆော် ပေးနိုင်ခဲ့ပါတယ်။ ထိုင်လုလု (Tai Lulu) ရဲ့အောင်မြင်မှုဟာ တရုတ်နိုင်ငံဒစ်ဂျစ်တယ်စီးပွားရေးရဲ့လက်ခံနိုင်စွမ်းကို သက်သေ ထူပေးနေပါတယ်။ ပြီးပြည့်စုံတဲ့ သယ်ယူပို့ဆောင်ရေးစနစ်၊ ကြီးမားတဲ့စားသုံးသူဈေးကွက်နဲ့ အဆင်ပြေ လွယ်ကူတဲ့ ငွေပေးချေမှု စနစ်တို့ဟာ နိုင်ငံခြား Streamer များကို “အလွယ်တကူ လုပ်ငန်း လုပ်ကိုင်” လာနိုင်စေခဲ့ပါတယ်။ ဒေတာ အချက်အလက်ဖော်ပြမှုအရ ၂၀၂၄ ခုနှစ် တရုတ်နိုင်ငံ နယ်စပ် ဖြတ်ကူး အီလက်ထရောနစ်ကုန်သွယ်ရေး စုစုပေါင်းသွင်းကုန်ပို့ကုန်ပမာဏဟာ တရုတ်ယွမ် ၂.၆၃ ထရီလီယံရှိကာ ယမန်နှစ်ကထက် ၁၀.၈ ရာခိုင်နှုန်း တိုးမြင့်လာပါတယ်။ အနာဂတ်မှာ တရုတ်နိုင်ငံ နယ်စပ်ဖြတ်ကူး အီလက်ထရောနစ် ကုန်သွယ်ရေးရဲ့ဖွင့်လှစ်မှု အကျိုးကျေးဇူးများဟာ ထိုင်လုလု (Tai Lulu) ကဲ့သို့ အိပ်မက်ရည်မှန်းချက် အကောင်အထည် ဖော်ကြသူများအတွက် ပိုမိုအကျိုးဖြစ်ထွန်း လာစေမှာ ပါ။