တရုတ် လေတပ်မှ ပါးယီး လေကြောင်းပျံသန်းရေးသရုပ်ပြအဖွဲ့သည် ထိုင်းနိုင်ငံသို့ သွားရောက်ကာ တရုတ်-ထိုင်း သံတမန်ဆက်ဆံရေး နှစ်၅၀ ပြည့် အထိမ်းအမှတ်ပွဲတွင် ပါဝင်မည်

CGTN, March 6, 2025
Size:

ထိုင်းလေတပ်၏ ဖိတ်ကြားချက်အရ မတ်လ ၂ ရက်မှ ၁၀ ရက်နေ့အထိ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် လေတပ်မှ ပါးယီး လေကြောင်းပျံသန်းရေးသရုပ်ပြအဖွဲ့သည် ထိုင်းနိုင်ငံသို့ သွားရောက်ပြီး တရုတ်-ထိုင်း သံတမန် ဆက်ဆံရေး နှစ်၅၀ပြည့်အခမ်းအနားနှင့် ထိုင်းလေတပ်တည်ထောင်မှု ၈၈နှစ်မြောက် အခမ်းအနားမှာ ပါဝင်ပြီး လေကြောင်းသရုပ်ပြမှုများ ပါဝင်သရုပ်ပြသွားမှာဖြစ်ကြောင်း   တရုတ်ကာကွယ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရပါသည်။