၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှ ၂၆ ရက်နေ့အထိ ယူနန်ပြည်နယ် ကူမင်းမြို့၌ လန်ချန်း-မဲခေါင် အထွေထွေ တရားဥပဒေစိုးမိုးရေး လုံခြုံမှု ပူးပေါင်းဆောင်ရွက်ရေး စင်တာ(LMLECC)သည် ဒုတိယအကြိမ် လန်ချန်း-မဲခေါင် ဒေသ ပြစ်မှုအခြေအနေဆိုင်ရာ စိစစ်ရေး စားပွဲဝိုင်း အစည်းအဝေးကို ပြုလုပ်ခဲ့ရာ ကမ္ဘောဒီးယား ပြည်ထဲရေး ဝန်ကြီးဌာန အမျိုးသား ရဲဌာနချုပ်၊ တရုတ် ပြည်သူ့ လုံခြုံရေး ဝန်ကြီး ဌာန၊ လာအို ပြည်သူ့ လုံခြုံရေး ဝန်ကြီးဌာနနှင့် နိုင်ငံတော်ကာကွယ်ရေး ဝန်ကြီးဌာန၊ မြန်မာ ပြည်ထဲရေး ဝန်ကြီးဌာန ၊ ထိုင်း တော်ဝင် ရဲတပ်ဖွဲ့၊ ဗီယက်နမ် ပြည်သူ့ လုံခြုံရေး ဝန်ကြီးဌာနနှင့် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာ ရုံး (UNODC)၊ အပြည်ပြည်ဆိုင်ရာ ရဲအဖွဲ့ (INTERPOL) နှင့် အာဆီယံရဲအဖွဲ့တို့မှ ကိုယ်စားလှယ်များသည် အစည်းအဝေးသို့ တက်ရောက်ကြပြီး ဆက်သွယ်ရေး လိမ်လည်မှု၊ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှု အမျိုးအစားသစ် စသည့် နိုင်ငံဖြတ်ကျော် မှုခင်းများကို အဓိကထားပြီး နက်ရှိုင်းစွာ ခွဲခြမ်းစိစစ်ကာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။