ဖေဖော်ဝါလီလ ၂၁ ရက်နေ့တွင် ပထမဆုံးတစ်ကြိမ် လန်ချန်း-မဲခေါင် ပတ်ဝန်းကျင်နိုင်ငံများ သတင်းဖြန့်ချိရေးဖိုရမ်နှင့် လန်ချန်း-မဲခေါင် ပတ်ဝန်းကျင်နိုင်ငံများ သတင်းဖြန့်ချိရေးသုတေသနဌာန ထူထောင်ခြင်းအခမ်းအနားသည် ပေကျင်းမြို့တွင် ကျင့်ပခဲ့သည်။
လန်ချန်း-မဲခေါင် ပတ်ဝန်းကျင်နိုင်ငံများ သတင်းဖြန့်ချိရေးသုတေသနဌာနသည် ယူနန်ပြည်နယ် တောင်အာရှနှင့် အရှေ့တောင်အာရှဒေသ နိုင်ငံတကာ သတင်းဖြန့်ချိရေးစင်တာ၊ တရုတ်နိုင်ငံ နိုင်ငံခြားဘာသာဗျူရိုမှ အာရှ-ပစိဖိတ် သတင်းဖြန့်ချိရေးစင်တာ၊ ပေကျင်းတက္ကသိုလ် သတင်းနှင့် မီဒီယာကောလိပ်၊ ပေကျင်းတက္ကသိုလ် ပတ်ဝန်းကျင်နိုင်ငံများ သတင်းဖြန့်ချိရေးသုတေသနဌာနတို့ လက်တွဲပြီး ထူထောင်လာသောဌာနတစ်ခု ဖြစ်သည်။ ၎င်းဌာနသည် တက္ကသိုလ်ကျောင်းများ၏ သုတေသနအင်းအားများကို အားကိုးပြီး ပြည်တွင်းပြည်ပ မီဒီယာများ၊ think tank များ၊ သုတေသနဌာနများနှင့် ပူးပေါင်း၍ လန်ချန်း-မဲခေါင်ဒေသ သတင်းဖြန်ချိရေးသုတေသနလုပ်ငန်း၏ အဆင့်မြင့်ပလက်ဖောင်းတစ်ခုဖြင့် ထူထောင်ရန်နှင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် အကြံပေးထောက်ပံ့ရန် ရည်ရွယ်ထားသည်။
ထိုနေ့တွင် လန်ချန်း-မဲခေါင် ပတ်ဝန်းကျင်နိုင်ငံများ သတင်းဖြန့်ချိရေးဖိုရမ်ကိုလည်း ကျင်းပ၍ ပါဝင်တက်ရောက်သော အစိုးရဌာနများ၊ တက္ကသိုလ်ကျောင်းမှ think tank များ၊ လုပ်ငန်းအသင်းများ၊ မီဒီယာများ၊ စီးပွားရေးလုပ်ငန်းများတို့မှ ကိုယ်စားလှယ်များ၊ ကမ္ဘောဒီးယား စသော အိမ်နီးချင်းနိုင်ငံများမှ ကိုယ်စားလှယ်များသည် “လန်ချန်း-မဲခေါင် ဒေသတွင်း သတင်းဖြန့်ချိရေး - အခွင့်အရေး၊ စိန်ခေါ်မှု၊ အသစ်တီထွင့်မှု” ဟူသောခေါင်းစဉ်ကို အခြေခံပြီး လန်ချန်း-မဲခေါင်ဒေသ၏ သတင်းဖြန်ချိရေးလုပ်ငန်း ပြောင်းလဲမှုအသစ်များ၊ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု၏ အခွင့်အရေးနှင့် စိတ်ခေါ်မှုအသစ်များ၊ ပတ်ဝန်းကျင်နိုင်ငံများတွင် သတင်းဖြန့်ချိရေးလုပ်ငန်း၏ အခက်အခဲနှင့် အခက်အခဲများကို ထိုးဖောက်နိုင်သောအချက်များ၊ နိုင်ငံတကာ မီဒီယာနှင့် သတင်းဖြန့်ချိရေးလုပ်ငန်းတွင် လန်ချန်း-မဲခေါင်ဒေသ၏ပုံသဏ္ဌာန်ကို မည်ကဲ့သို့ ဖန်တီးခြင်း စသော အကြောင်းအရာများကို ဆွေးနွေးကြကာ အတွေ့အကြုံများကိုလည်း မျှဝေခဲ့သည်။ ဖိုရမ်တွင် လန်ချန်း-မဲခေါင် ပတ်ဝန်းကျင်နိုင်ငံများ သတင်းဖြန့်ချိရေးသုတေသနဌာန၏အခန်းကဏ္ဍနှင့် လည်ပတ်မှုပုံစံကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြသည်။