မြန်မာနိုင်ငံက AI Strategy and Policy (မူကြမ်း) ရေးဆွဲလျက်ရှိ

Xinhua, February 28, 2025
Size:

မြန်မာနိုင်ငံသည် National Artificial Intelligence (AI) Strategy and Policy (မူကြမ်း) ရေးဆွဲခြင်းဆိုင်ရာလုပ်ငန်းကို တက်ကြွစွာ ဆောင်ရွက်လျက်ရှိကြောင်း ဖေဖော်ဝါရီ ၁၉ ရက်ထုတ် မြန်မာ့အလင်းသတင်းစာ၌ ဖော်ပြထားသည်။
National AI Strategy and Policy (မူကြမ်း) ရေးဆွဲခြင်းဆိုင်ရာ စတုတ္ထအကြိမ်မြောက် အစည်းအဝေးကို နေပြည်တော်တွင် ဖေဖော်ဝါရီ ၁၈ ရက်က ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဉာဏ်ရည်တုနည်းပညာ (AI) ဆိုင်ရာ မူဝါဒ (မူကြမ်း) ကို မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများတွင် အကျိုးရှိစွာ အသုံးချနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ AI က ကမ္ဘာ့စီးပွားရေးနှင့် လူမှုအဖွဲ့အစည်းတွင် လျင်မြန်စွာတိုးတက်လျက်ရှိကြောင်း သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသိန်းကျော်က အဆိုပါ အစည်းအဝေး၌ ပြောကြားခဲ့သည်။
ထို့ပြင် ဉာဏ်ရည်တုနည်းပညာ (AI) ဆိုင်ရာ မူဝါဒ (မူကြမ်း) ကို ရေးဆွဲခြင်းက နိုင်ငံသားများအနေဖြင့် ကျင့်ဝတ်များ၊ စံနှုန်းများ၊ စည်းမျဉ်းများအကြောင်း အသိပညာမြှင့်တင်ရန်နှင့် AI ကဏ္ဍဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်နိုင်ရေးနှင့် နိုင်ငံတကာမှ မိတ်ဖက်ပညာရှင်များနှင့် စနစ်တကျ ပူးပေါင်းဆောင်ရွက်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ကြောင်း သတင်း၌ ဖော်ပြထားသည်။
ဉာဏ်ရည်တုနည်းပညာ (AI) ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၊ အတတ်ပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက်မှု၏ အရေးပါပုံကိုလည်း ပြည်ထောင်စုဝန်ကြီးက ဖြည့်စွက်ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)