ဗီယက်နမ် လွှတ်တော်၏ လောက်ကိုင်-ဟနွိုင်း-ဟိုင်ဖန် မီးရထားလမ်းစီမံကိန်း ရင်းနှီးမြှုပ်နှံမှုကို အတည်ပြုခြင်းနှင့်ပတ်သက်သော သတင်းထောက်၏ မေးခွန်းကို တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဖြေကြား

CGTN, February 27, 2025
Size:

တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Guo Jiakun က ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ကျင်းပသော ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် ဗီယက်နမ် လွှတ်တော်၏ လောက်ကိုင်-ဟနွိုင်း-ဟိုင်ဖန် မီးရထားလမ်းစီမံကိန်း ရင်းနှီးမြှုပ်နှံမှုကို အတည်ပြုခြင်းနှင့် ပတ်သက်သော သတင်းထောက်၏ မေးခွန်းကို ဖြေကြားခဲ့သည်။

၁၉ ရက်နေ့က ဗီယက်နမ်လွှတ်တော်သည် အမေရိကန် ဒေါ်လာ ၈ ဘီလီယံ တန်ဖိုးရှိသော မီးရထားလမ်း ဖောက်လုပ်ရေး စီမံကိန်းတစ်ခုကို အတည်ပြုခဲ့ပြီး  ဗီယက်နမ် မြောက်ပိုင်းရှိ အကြီးဆုံးဆိပ်ကမ်းမြို့မှ တရုတ်-ဗီယက်နမ် နယ်စပ်အထိ မီးရထားလမ်းကို ဖောက်လုပ်မည်ဖြစ်သည်။ ယင်းသည် နှစ်နိုင်ငံ အကြား အပြန်အလှန် ဆက်သွယ်ရေးနှင့် ကုန်သွယ်မှု သွားလာရေးကို တွန်းအားပေးမည်ဖြစ်သည်။ ယင်းစီမံကိန်းနှင့်ပတ်သက်ပြီး တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက မည်ကဲ့သို့ သုံးသပ်သနည်းဟု သတင်းထောက်တစ်ဦးက မေးမြန်းခဲ့ရာ Guo Jiakun က ယမန်နှစ်ကစပြီး တရုတ်နှင့် ဗီယက်နမ် နှစ်ဖက်တို့သည် နှစ်နိုင်ငံအကြား မီးရထားလမ်း အပြန်အလှန် ဆက်သွယ်ရေးနှင့်ပတ်သက်၍အမြင်ချင်း အကြိမ်ကြိမ် ဖလှယ်ခဲ့ကြောင်း၊ လောက်ကိုင်-ဟနွိုင်း-ဟိုင်ဖန် Standard-Gauge မီးရထားလမ်း၏ ဖြစ်နိုင်ခြေ ရှိတဲ့ သုတေသနပြုရေးနှင့် ဒုန်ဒေါင်-ဟနွိုင်း ၊ မွန်ကိုင်-ဟာလုံ-ဟိုင်ဖန် Standard-Gauge မီးရထားလမ်း စီစဉ်ရေးလုပ်ငန်းကို ပိုမို လျင်မြန်စွာ ဆောင်ရွက်ရန် နှင့် တရုတ် ဟိုကိုမြို့မှ ဗီယက်နမ် လောက်ကိုင်အထိ Standard-Gauge မီးရထားလမ်း ချိတ်ဆက်မှုကို ပိုမို အရှိန်မြှင့် တွန်းအားပေးရန် နှစ်ဖက် သဘောတူညီမှု ရရှိခဲ့ကြောင်း ဖြေကြားခဲ့သည်။