တရုတ်-လာအို AI ဆန်းသစ်တီထွင်မှု ပူးပေါင်းဆောင်ရွက်ရေးစင်တာကို ဗီယင်ကျန်းမြို့တွင် လက်မှတ်ရေးထိုးပြီး တည်ထောင်

CGTN, February 26, 2025
Size:

ဖေဖော်ဝါရီလ ၂၃ ရက်နေ့က Guangxi နှင့် လာအိုနိုင်ငံတို့မှ တရုတ်-လာအို AI ဆန်းသစ်တီထွင်မှု ပူးပေါင်းဆောင်ရွက်ရေးစင်တာ လက်မှတ်ရေးထိုးတည်ထောင်ပွဲ အခမ်းအနားကို ဗီယင်ကျန်းမြို့တွင် ကျင်းပခဲ့ပါသည်။ ယင်းသည် တရုတ်နိုင်ငံနှင့် အဆီယံနိုင်ငံများအကြားချုပ်ဆိုထားသည့် ပထမဆုံး AI ပူးပေါင်းဆောင်ရွက်ရေး ဆန်းသစ်တီထွင်မှု ပလက်ဖောင်းဖြစ်ပါသည်။ နှစ်ဖက်တို့သည် တရုတ်-လာအို AI ဆန်းသစ်တီထွင်မှု ပူးပေါင်းဆောင်ရွက်ရေးစင်တာ ပူးတွဲတည်ထောင်ခြင်းဖြင့် AI ခေတ်ကာလတွင်  လာအိုနိုင်ငံ၏ အခြေခံစွမ်းရည်များကို စနစ်တကျမြှင့်တင်ပေးပြီး လာအိုနိုင်ငံ၏ လုပ်ငန်းဏ္ဍအသီးသီးတို့အတွက် အားသစ်လောင်းပေးမည်ဖြစ်သည်ဟု သတင်းအရသိရပါသည်။