မြန်မာနိုင်ငံ ပုဂံမြို့၊ ယွန်းထည်ဆိုင်ရှိ ရောင်စုံယွန်းထည်ပစ္စည်းများကို ၂၀၂၄ ခုနှစ် ဩဂုတ် ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
လန်ချန်း-မဲခေါင် ယဉ်ကျေးမှုအစီအစဉ်-၂၀၂၄ ကို မြန်မာနိုင်ငံ အလယ်ပိုင်း မန္တလေးတိုင်းဒေသကြီး ပုဂံမြို့တွင် ဖေဖော်ဝါရီ ၂၂ ရက်မှ ၂၈ ရက်အထိ ပြုလုပ်မည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၇ ရက်ထုတ် The Global New Light of Myanmar အရ သိရသည်။
ယင်းကို လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုရန်ပုံငွေ (၂၀၂၄) အစီအစဉ်အရ ပြုလုပ်မည်ဖြစ်ပြီး ဖေဖော်ဝါရီ ၂၅ ရက်တွင်မူ ပုဂံရှေးဟောင်းသုတေသနပြတိုက်၌ ပန်းချီပြပွဲလည်း ထည့်သွင်းကျင်းပမည်ဖြစ်ကြောင်း အမျိုးသား အနုပညာနှင့် ယဉ်ကျေးမှုတက္ကသိုလ် (ရန်ကုန်) အား ကိုးကား၍ သတင်း၌ ဖော်ပြထားသည်။
အနုပညာကူးလူးဖလှယ်မှုအစီအစဉ်များတွင် မြန်မာ၊ တရုတ်၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ် စသည့်နိုင်ငံများမှ အနုပညာရှင်များ ပါဝင်ကြမည်ဖြစ်သည်။
ယင်းပြပွဲ၌ မြန်မာအနုပညာရှင် ၁၂ ဦး၏ အနုပညာလက်ရာများ၊ တရုတ်၊ ကမ္ဘောဒီးယားနှင့် ထိုင်း စသည့်နိုင်ငံများမှ အနုပညာလက်ရာ လေးခုစီ၊ လာအိုနှင့် ဗီယက်နမ် နိုင်ငံများမှ အနုပညာလက်ရာ နှစ်ခုစီ ပါဝင်ပြသမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)