အွန်လိုင်း လိမ်လည်မှုနှင့် အွန်လိုင်း လောင်းကစားတိုက်ဖျက်ရေးကိစ္စရပ်များကို တရုတ်နှင့်မြန်မာ အရာရှိများ ဆွေးနွေး

CGTN, February 25, 2025
Size:

   ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့က မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မာကျားနှင့် မြန်မာနိုင်ငံသို့ ခရီးလှည့်လည်နေသော တရုတ်ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာန ဝန်ကြီး လက်ထောက် လျူကျုံယိတို့သည် မြန်မာနိုင်ငံ ဒုတိယ ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေး ဝန်ကြီး ဦးသန်းဆွေနှင့် ပြည်ထဲရေး ဝန်ကြီး ထွန်းထွန်းနောင်တို့နှင့် အသီးသီး တွေ့ဆုံဆွေးနွေးပွဲများ ပြု လုပ်ခဲ့ကြပါသည်။ နှစ်ဖက်တို့သည် တရုတ်နှင့်မြန်မာ ဥပဒေ ကျင့်သုံးမှု လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ အွန်လိုင်း လိမ်လည်မှု၊ လူကုန်ကူးမှုများ တိုက်ဖျက်ရေးအပါအဝင် နယ်စပ်ဖြတ်ကျော် ပြစ်မှုကျူးလွန်မှုများ ပူးတွဲ တိုက်ဖျက်ရေး စသည့်ရေးရာများကို ဆွေးနွေးခဲ့ကြပါသည်။

   တရုတ်ပြည်ဘက်က တရုတ်နိုင်ငံသားများ၏ လုံခြုံရေးကို အာမခံပေးခြင်းဆိုင်ရာ မြန်မာပြည်ဘက်၏ သန္နိဋ္ဌာန်နှင့် ကြိုးပမ်းဆောင်ရွက်မှုများကို တန်ဖိုးထား ချီးကျူးပြီး အွန်လိုင်း လိမ်လည်မှုနှင့် အွန်လိုင်း လောင်းကစားမှုများသည် ပြည်သူများ၏ အသက် စည်းစိမ်ဆိုင်ရာ လုံခြုံမှုကို ဆိုးရွားစွာ အန္တရာယ် ပြုနေကာ တရုတ်ပြည်ဘက်မှလည်း မြန်မာ၊ ထိုင်း စသည့် အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ပြီး အွန်လိုင်း လိမ်လည်မှုနှင့် အွန်လိုင်း လောင်းကစားမှုများကို လက်တွဲ တိုက်ဖျက်လိုပါကြောင်း ဖော်ပြခဲ့ပါသည်။

  မြန်မာပြည်ဘက်ကလည်း မြန်မာအစိုးရ၏ အွန်လိုင်း လိမ်လည်မှုနှင့် အွန်လိုင်း လောင်းကစားမှုများ တိုက်ဖျက်ရေး ဆောင်ရွက်ချက်များကို မိတ်ဆက်ရှင်းလင်း ဖော်ပြခဲ့ပြီး တရုတ်နိုင်ငံ အပါအဝင် အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်း ဆောင်ရွက်မှုများကို အားဖြည့်ကာ အွန်လိုင်း လိမ်လည်မှုနှင့် အွန်လိုင်း လောင်း ကစားမှု အပါအဝင် နယ်စပ်ဖြတ်ကျော် ပြစ်မှုကျူးလွန်မှုများကို လက်တွဲ တိုက်ဖျက်လိုပါကြောင်း ဖော်ပြခဲ့ပါသည်။