တရုတ် အမျိုးသားလူဝင်မှုကြီးကြပ်ရေး စီမံကွပ်ကဲမှုဦးစီးဌာနက ဖေဖော်ဝါရီ ၁၀ ရက်မှစ၍ ယူနန်ပြည်နယ် ရှစ်ဆောင်ပဏ္ဏားသို့ ဝင်ရောက်သည့် အာဆီယံနိုင်ငံများမှ ခရီးသွားအဖွဲ့များအတွက် ဗီဇာကင်းလွတ်ခွင့်မူဝါဒကို ကျင့်သုံးသွားမည်ဖြစ်ကြောင်း ယင်းနေ့တွင်ပင် ထုတ်ပြန်ခဲ့သည်။
“တရုတ်-လာအို မီးရထားက သိပ်မြန်တယ်၊ အဆင်ပြေတယ်”ဟု ၁၁ ရက်နေ့က ကူမင်းတောင်ဘက်ဘူတာမှ ဗီယင်ကျန်းမြို့သို့ မောင်းနှင်သော D87 ရထားပေါ်တွင် မလေးရှားနိုင်ငံသား တရုတ်နွယ်ဖွားခရီးသည်တစ်ဦးဖြစ်သူ Tang Xueshuang က လှိုက်လှိုက်လှဲလှဲ ချီးကျူးစကား ဆိုခဲ့သည်။ “ဒါက ဒုတိယအကြိမ် ကျွန်မ တရုတ်နိုင်ငံကို လာလည်တာပါ၊ ပထမအကြိမ် လေယာဉ်နဲ့ လာတာနဲ့ ယှဉ်ရင် လမ်းတစ်လျှောက်ရှုခင်းတွေကို ရထားစီးရင်း ခံစားနိုင်ပြီး ပိုမိုကောင်းမွန်တဲ့ အတွေ့အကြုံကို ရရှိနိုင်တယ်”ဟု ၎င်းက ပြောသည်။
ယခုနှစ်မှ စတင်၍ အာဆီယံနိုင်ငံများမှ ခရီးသွားဧည့်သည်များ ရှစ်ဆောင်ပဏ္ဏားသို့ ခရီးသွားလာမှုမှာ ယမန်နှစ်ကာလတူထက် ၂.၅ ဆ တိုးလာခဲ့သည်။ အာဆီယံနိုင်ငံများမှ ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတို့သည် ယခုနှစ် ရှစ်ဆောင်ပဏ္ဏားသို့ ကမ္ဘာလှည့်ခရီးသည်တွေ လာရောက်သည့် ထိပ်တန်း ၁၀ နိုင်ငံများအနက် အပါအဝင် ဖြစ်ပေသည်။
ယခုနှစ်မှ စတင်၍ လူကြိုက်များသော "နယ်စပ်ဖြတ်ကျော် ခရီးသွားလုပ်ငန်း"ကို ပိုမိုကောင်းမွန်စွာ ဝန်ဆောင်မှုပေးနိုင်ရန်၊ တရုတ်-လာအို မီးရထား၏ ဗီယင်ကျန်း လည်ပတ်မှု စီမံခန့်ခွဲရေးဗဟိုဌာနသည် အချို့သောခရီးသည်များသည် တရုတ်၊ လာအိုနှင့် အင်္ဂလိပ်တို့ကို နားမလည်နိုင်သောကြောင့် ဆိုက်ပေါ်တွင် ဘာသာစကားမျိုးစုံဖြင့် ဝန်ဆောင်မှုများ ထည့်သွင်းပေးပြီး နိုင်ငံတကာခရီးသည်များ၏ အတွေ့အကြုံကို မြှင့်တင်ပေး ခဲ့သည်။
တစ်ချိန်တည်းတွင်ပင် ဆေးကုသမှုအတွက် အရေးပေါ် တရုတ်နိုင်ငံသို့ ဝင်ရောက်လိုသော ပြည်ပနိုင်ငံသားများအတွက် ဦးစားပေးခြင်း၊ တစ်ဦးချင်း စစ်ဆေးခြင်းပြီး လွှတ်ပေးခြင်းနှင့် အခြားအဆင်ပြေလွယ်ကူမှု ရှိသော ဝင်ထွက်သွားလာခွင့်ဝန်ဆောင်မှုများ ပေးရန် ပထမဆုံး နိုင်ငံတကာ ကျန်းမာရေးဆိုင်ရာ ကုန်းလမ်းပြည်ဝင်ပြည်ထွက်ဂိတ်အနေဖြင့် Mohan မီးရထားဂိတ်တွင် AED၊ ECG စောင့်ကြည့်ခြင်း၊ အရေးပေါ်ဆေးကုသမှုကိရိယာနှင့် စက်ပစ္စည်းများ တပ်ဆင်ထားသည့် ဆေးကုသမှု အရေးပေါ်စင်တာကို ထားရှိခဲ့သည်။ ဘူတာရုံတွင် ခရီးသည်များ၏ အမှန်တကယ် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် ပြည်ပဘဏ်ကတ်များကို အသုံးပြု၍ နိုင်ငံခြားခရီးသည်များ RMB ငွေထုတ်ယူနိုင်စေရန် လူဝင်မှုကြီးကြပ်ရေးစစ်ဆေးရေးခန်းမတွင် ATM စက်များကိုလည်း ထည့်သွင်းထားသည်။
တရုတ်-လာအို မီးရထားလမ်း၏ အဆင်ပြေချောမွေ့မှုနှင့် တရုတ်နိုင်ငံ၏ ဗီဇာကင်းလွတ်ခွင့်မူဝါဒဖြင့် တရုတ်-လာအို မီးရထား၏ အခန်းကဏ္ဍသည် ပိုမိုထင်ရှားလာမည်ဖြစ်သည်။ ယခုနှစ် ဇန်န၀ါရီလတစ်လတည်းတွင် ပြည်ဝင်ပြည်ထွက်သူ အကြိမ်ရေ ၂၉,၉၆၄ ရှိရာ ယမန်နှစ်ကာလတူထက် ၆၃ ရာခိုင်နှုန်း တိုးလာခဲ့သည်။ တစ်ချိန်တည်းတွင်ပင် တရုတ်-လာအို မီးရထားမှတစ်ဆင့် တင်သွင်းကုန်နှင့် တင်ပို့ကုန် တန်ချိန်မှာ ၄၇၈,၀၀၀ ရှိပြီး တန်ဖိုး ယွမ် ၁.၃၃ ဘီလီယံ ရှိရာ ယမန်နှစ်ကာလတူထက် ၇ ရာခိုင်နှုန်းနှင့် ၂ ရာခိုင်နှုန်း အသီးသီး တိုးမြင့်လာခဲ့သည်။