၃၁ ကြိမ်မြောက် တရုတ်-အာဆီယံ အဆင့်မြင့်အရာရှိများ ဆွေးနွေးပွဲကို ကျင်းပမည်ဖြစ်ပြီး အခြေအနေသစ်တွင် အရှေ့အာရှ ပူးပေါင်းဆောင်ရွက်ခြင်းနှင့်ပတ်သက်၍ နက်ရှိုင်းစွာ ကူးလူးဖလှယ်ကြမည်ဟု တရုတ်ဆို

CGTN, February 20, 2025
Size:

ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကိုကျာခွင်က ပုံမှန်သတင်းစာရှင်းလင်းပွဲကို ဦးစီးကျင်းပခဲ့ပါသည်။

မကြာမီတွင် ကျင်းပတော့မည့် ၃၁ ကြိမ်မြောက် တရုတ်-အာဆီယံ အဆင့်မြင့်အရာရှိများ ဆွေးနွေးပွဲနှင့်ပတ်သက်ပြီး ကိုကျာခွင်က နှစ်ဖက်တို့၏ညှိနှိုင်းဆွေးနွေးခြင်းဖြင့် ၃၁ ကြိမ်မြောက် တရုတ်-အာဆီယံ အဆင့်မြင့်အရာရှိများ ဆွေးနွေးပွဲကို ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့မှ ၁၄ ရက်နေ့အထိ ကျဲ့ကျန်းပြည်နယ် နင်ပိုးမြို့၌ ကျင်းပမည်ဖြစ်ကြောင်း၊ တရုတ်-အာဆီယံ အဆင့်မြင့်အရာရှိများ ဆွေးနွေးပွဲသည် တရုတ်နှင့်အာဆီယံနိုင်ငံများမှ နိုင်ငံခြားရေး ဝန်ကြီးဌာနများ၏ အရေးကြီးသော နှစ်ပတ်လည်ဆွေးနွေးပွဲ ပူးပေါင်း ဆောင်ရွက်မှု စနစ်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် ယခုအကြိမ်ဆွေးနွေးပွဲမှတစ်ဆင့် တရုတ်-အာဆီယံ ထိပ်သီးခေါင်းဆောင်များအစည်းအဝေး၏ အရေးကြီးသော သဘောတူညီချက်များ ကို အကောင်အထည်ဖော်ရန် တွန်းအားပေးပြီး အခြေအနေသစ်တွင် အရှေ့အာရှ ပူးပေါင်း ဆောင်ရွက်ခြင်းနှင့်ပတ်သက်၍ နက်ရှိုင်းစွာကူးလူးဖလှယ်ကာ အတူအာရုံစိုက်ကြသော ဒေသတွင်းနှင့် နိုင်ငံတကာရေးရာများနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ်ကြပြီး တရုတ်-အာဆီယံ ဘက်စုံ မဟာဗျူဟာ မိတ်ဖက်ဆက်ဆံရေးကို ရှေ့သို့ ဖွံ့ဖြိုးတိုးတက်ရန် တွန်းအားပေးဖို့ တရုတ်နိုင်ငံအနေနှင့် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။