အခုရက်ပိုင်းအတွင်း Self-media အချို့မှ ထုတ်ပြန်ခဲ့သော ကမ္ဘောဒီးယားနိုင်ငံ နှင့်သက်ဆိုင်သည့် ပြောဆိုချက်များနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Guo Jiakun က အဆိုပါ ပြောဆိုချက်များသည် အခြေအမြစ်မရှိဘဲ ဂုဏ်အသရေပျက်စေသည့် ကောလာဟလများဖြစ်ကြောင်း၊ တရုတ်နှင့် ကမ္ဘောဒီးယားကြား သံမဏိကဲ့သို့ ခိုင်မာသော ချစ်ကြည်ရေးကိုထားရှိကြောင်း၊ မည်သည့်နည်းနှင့်မဆို မည်သူမျှ ဝင်ရောက်စွက်ဖက်နိုင်မည်မဟုတ်ကြောင်း၊ တရုတ်နိုင်ငံက ခိုင်ခိုင်မာမာ ယုံကြည်သည့်အပြင် တရုတ်-ကမ္ဘောဒီးယား ချစ်ကြည်ရေးကို ပျက်ပြားစေရန် လုပ်ဆောင်သူ မည်သူ့ကိုမျှ ခွင့်ပြုမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် ကမ္ဘောဒီးယား၏ အယုံကြည်ရဆုံးမိတ်ဆွေဖြစ်ပြီး တရုတ်နိုင်ငံနှင့် ချစ်ကြည်ရင်းနှီးမှုသည် ကမ္ဘောဒီးယားအစိုးရ၊ နိုင်ငံရေးပါတီများနှင့် ပြည်သူတို့အကြား ခိုင်မာသော ဘုံနိုင်ငံရေးသဘောဆန္ဒဖြစ်သည်ဟု ကမ္ဘောဒီးယားခေါင်းဆောင်များမှ အများပြည်သူရှေ့မှောက်တွင် အကြိမ်ပေါင်းများစွာ အလေးထားဖော်ပြခဲ့ကြောင်းလည်း Guo Jiakun က ပြောကြားခဲ့ကြောင်း သိရသည်။