တရုတ်-ထိုင်း မြန်နှုန်းမြင့်ရထားလမ်း ဒုတိယအဆင့်လုပ်ငန်းအစီအစဉ်ကို ထိုင်းအစိုးရအဖွဲ့ မှ အတည်ပြုပြီး၊ ၂၀၃၀ ခုနှစ်တွင် ပြီးစီးသွားမည်ဟု ခန့်မှန်းထား

CGTN, February 18, 2025
Size:

ထိုင်းနိုင်ငံဝန်ကြီးချုပ်ရုံးမှ ဒေသစံတော်ချိန် ယခုလ ၄ ရက်နေ့က သတင်းအရ ထိုင်းအစိုးရအဖွဲ့သည် ထိုနေ့နံနက်ပိုင်းက အစည်းအဝေးကျင်ပပြီး၊ Nakhon Ratchasima –Nong Khai အပိုင်း မြန်နှုန်းမြင့်ရထားလမ်း လုပ်ငန်းအစီအစဉ်ကို အတည်ပြုခဲ့ပြီး ယင်းအစီအစဉ်ကို ၂၀၃၀ ခုနှစ်တွင် အပြီးသတ်လုပ်ဆောင်သွားမည်ဟု ခန့်မှန်းထားကြောင်း သိရပါသည်။

တရုတ်-ထိုင်း ပူးတွဲတည်ဆောက်ထားသည့် “Belt and Road” ပရောဂျက်အနေနှင့် တရုတ်-ထိုင်း မြန်နှုန်းမြင့်ရထားလမ်းသည် ထိုင်းနိုင်ငံ၏ ပထမဆုံး မြန်နှုန်းမြင့် ရထားလမ်း ဖြစ်ပြီး၊ တရုတ်-လာအို မီးရထားလမ်းနှင့် ဆက်သွယ်ကာ ကူမင်းမြို့သို့ တိုက်ရိုက်ရောက်ရှိနိုင် မည်ဟု သိရပါသည်။