ဇန်နဝါရီလ ၇ရက်နေ့တွင် လာအိုနိုင်ငံ စွမ်းအင်နှင့် သတ္တုတွင်းဝန်ကြီး Phosay သည် လာအိုနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး Fang Hong နှင့် တွေ့ဆုံခဲ့ပြီး ၎င်းက နိုင်ငံဖြတ်ကျော် အွန်လိုင်းလိမ်လည်မှု ရာဇဝတ်မှုများကို တိုက်ဖျက်ရန် လာအို၏ ခိုင်မာသော ဆုံးဖြတ်ချက်သည် ဘယ်သောအခါမှ ပြောင်းလဲခြင်းမရှိကြောင်း၊ လာအိုနိုင်ငံသည် မြန်မာနိုင်ငံ တာချီလိတ်ဒေသသို့ လျှပ်စစ်ဓာတ်အား ပေးဝေမှုကို ကန့်သတ်ရန် ဆောင်ရွက်နေပြီး လာအိုနိုင်ငံ၏ လျှပ်စစ်ဓာတ်အားကို ပြည်သူများ၏ နေထိုင်မှုဘဝအတွက် ထောက်ပံ့ခြင်းမှလွဲ၍ မည်သည့် လှုပ်ရှားမှုများမဆို၊ အထူးသဖြင့် အွန်းလိုင်းလိမ်လည်မှု ရာဇဝတ်မှုများအတွက် အသုံးပြုရန် လုံးဝခွင့်မပြုကြောင်း ပြောကြားခဲ့ပါသည်။
သံအမတ်ကြီး Fang Hong က နိုင်ငံဖြတ်ကျော် အွန်လိုင်းလိမ်လည်မှု ရာဇဝတ်မှုများကို တိုက်ဖျက်ခြင်းသည် ဒေသတွင်းနိုင်ငံများ၏ ဘုံအကျိုးစီးပွားနှင့်ကိုက်ညီပါကြောင်း၊ တရုတ်နိုင်ငံသည် လာအိုနိုင်ငံအပါအဝင် အခြားနိုင်ငံများနှင့်အတူ တရားဥပဒေစိုးမိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်အားကောင်းစေပြီး ပြည်သူများ၏ အသက်နှင့် ဓနဥစ္စာ လုံခြုံမှုကို ကာကွယ်ရန် ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။