ဖေဖေါ်ဝါရီလ ၇ရက်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ လင်းကျန့်သည် ပုံမှန်သတင်းစာရှင်းလင်းပွဲကို ဦးစီးကျင်းပခဲ့ပါသည်။ လင်းကျန့်က ၆ရက်နေ့တွင် သမ္မတ ရှီကျင့်ဖိန်သည် တရုတ်နိုင်ငံ၌ အလည်အပတ်ရောက်ရှိနေသော ဘရူနိုင်း ဘုရင် ဆူတန် ၊ ထိုင်းဝန်ကြီးချုပ်တို့နှင့် အသီးသီးတွေ့ဆုံခဲ့ရာတွင် အတူ အာရုံစိုက်ကြသော နိုင်ငံတကာ၊ ဒေသတွင်းပြဿနာနှင့်ပတ်သက်၍ အမြင်ချင်း ဖလှယ်ခဲ့ကြကြောင်း ပြောကြားခဲ့ပါသည်။
မြန်မာနိုင်ငံပြဿနာနှင့်ပတ်သက်ပြီး လင်းကျန့်က တရုတ်နဲ့ မြန်မာ နိုင်ငံတို့သည် အိမ်နီးချင်းကောင်းနိုင်ငံများဖြစ်ကြကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံပြဿနာအပေါ် အလွန် ရှင်းလင်းပြတ်သားသော ရပ်တည်ချက်ရှိကြောင်း၊ မိမိတို့သည် ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းမပြုသော မူဝါဒကို စွဲကိုင်ပြီး လွတ်လပ်ရေး၊ အချုပ်အခြာအာဏာ၊ အမျိုးသား စည်းလုံး ညီညွတ်ရေးနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးကို ထိန်းသမ်းစောင့်ရှောက်ရန် မြန်မာနိုင်ငံအား ထောက်ခံအားပေး ကာ မြန်မာနိုင်ငံရှိ ဘက်အသီးသီးတို့အား ချစ်ခင်ရင်းနှီးစွာညှိနှိုင်းဆွေးနွေးခြင်းဖြင့် နိုင်ငံရေး ကျေအေးမှုကို အကောင်အထည်ဖော်ရန် ထောက်ခံအားပေးကြောင်း ထပ်မံပြောကြားခဲ့ ပါသည်။