"ကြယ်အလင်းရောင်·လန်ချန်း-မဲခေါင်"ခရီးသွားရထား နွေဦးပွဲတော် အထူးခရီးစဉ် စတင်

lmcchina.org, February 14, 2025
Size:

၂၀၂၅ ခုနှစ်သည် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ပြီးနောက် ပထမဆုံးသော နွေဦးပွဲတော် ဖြစ်ရာ နွေဦးပွဲတော် ယဉ်ကျေးမှုကို တက်ကြွစွာ အမွေဆက်ခံမြှင့်တင်ရန်နှင့် ပြင်ပတွင် ကျယ်ပြန့်စွာ ဆောင်ရွက်ရေးကို မြှင့်တင်ရန်အတွက် တရုတ်နိုင်ငံ၏ ပထမဆုံးသော နယ်စပ်ဖြတ်ကျော် ခရီးသွားရထား "ကြယ်အလင်းရောင်·လန်ချန်း-မဲခေါင်"သည် "ဒြပ်မဲ့ယဥ်ကျေးမှုအမွေအနှစ် ပထမနှစ် ကြယ်အလင်းရောင် ချမ်းမြေ့မှု မျှဝေခြင်း"ဆောင်ပုဒ်ဖြင့် အထူးခရီးစဉ် စတင်လိုက်ပြီ ဖြစ်ရာ ယင်းသည် တရုတ်နှင့် လာအိုပြည်သူများအတွက် ထူးခြားသောနွေဦးပွဲတော်အတွေ့အကြုံများကို ဆောင်ကြဉ်းပေးပေသည်။

ခြောက်ညအိပ်၊ ခုနစ်ရက်ခရီးတွင် "ကြယ်အလင်းရောင်·လန်ချန်း-မဲခေါင်"သည် နွေးထွေးပြီး အဓိပ္ပာယ်ရှိသော "ကြယ်အလင်းရောင် ချမ်းမြေ့မှု မျှဝေခြင်း"အခမ်းအနားကို အထူးစီစဉ်ထားပါသည်။ အခမ်းအနားအစတွင် ဝန်ထမ်းများက ခရီးသည်များအား နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားများ ရေးကြရန် နွေးထွေးစွာ ဖိတ်ခေါ်ခဲ့ပါသည်။ ခရီးသည်များက စုတ်တံများကို ကိုင်ကာ မင်တွင် နှစ်ပြီး "ဖူ" ဟူသော စကားလုံးကို တစ်ခုပြီးတစ်ခု ရေးကြသည်။ လာအိုနိုင်ငံ လွမ်ပရာဘွမ်ဘူတာသို့ ရထားရောက်သောအခါ ကြယ်အလင်းရောင် ရထားပေါ်ရှိ ခရီးသည်များက ၎င်းတို့အား ကြိုဆိုနှုတ်ဆက်ကြသော လာအိုလူမျိုးများအား ၎င်းတို့ သေသေချာချာ ရေးသားထားသည့် "ဖူ" ဟူသော စကားလုံးကို လက်ဆောင်ပေးကြသည်။

ခရီးသွားများအား တရုတ်ရိုးရာယဉ်ကျေးမှု တစ်မူထူးခြားသောဆွဲဆောင်မှုကို နီးကပ်စွာ ခံစားကြည့်ရှုနိုင်စေရန်အတွက် "ကြယ်အလင်းရောင်·လန်ချန်း-မဲခေါင်"သည် ခရီးသည်များအား ရထားပေါ်တွင် မုန့်စိမ်းပန်းပုပြုလုပ်နည်းကို သင်ကြားပေးရန် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ဂျုံပန်းပုပညာ အမွေဆက်ခံသူအား အထူးဖိတ်ကြားထားသည်။ ၎င်းသည် ခရီးသွားများအား ယဉ်ကျေးမှု အမွေအနှစ် အနုပညာ ရွှေ့လျားပြတိုက်တွင် ရှိနေသကဲ့သို့ ခံစားစေသည်။