ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှစ၍ အာဆီယံနိုင်ငံများမှ ခရီးသွားများ ယူနန်ပြည်နယ် ရှစ်ဆောင်ဘဏားအတွင်းသို့ ဝင်ရောက်ရန် ဗီဇာကင်းစင်ရေးမူဝါဒကို စတင်ကျင့်သုံး ကြောင်း တရုတ်အမျိုးသားလူဝင်မှုကြီးကြပ်ရေးဌာနမှ ယနေ့ ၁၀ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့ပါသည်။ မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်း၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ဘရူနိုင်း၊ ဗီယက်နမ်၊ လာအို၊ မြန်မာနှင့် ကမ္ဘောဒီးယား အပါအဝင် အာဆီယံ ၁၀ နိုင်ငံတို့မှ ခရီးသွားအဖွဲ့ (လူ ၂ ဦးနှင့် အထက်) အနေနှင့်၊ သာမန်နိုင်ငံကူးလက်မှတ်များ ကိုင်ဆောင်ပြီး တရုတ်ပြည်တွင်းရှိ ခရီးသွားအေဂျင်စီမှ စည်းရုံးခြင်းနှင့် ဧည့်ခံခြင်းဖြင့် ရှစ်ဆောင်ဘဏား Gasa အပြည်ပြည်ဆိုင်ရာလေဆိပ်ဂိတ်၊ မိုဟန်း-ရထားလမ်းဂိတ်နှင့် မိုဟန်း- ကားလမ်း ဂိတ်များမှတစ်ဆင့် ဗီဇာမလိုဘဲ ဝင်ရောက်နိုင်ပြီး၊ သွားလာနိုင်သည့်နယ်ပယ်ဒေသမှာ ယူနန် ပြည်နယ်ရှစ်ဆောင်ဘဏား၏ အုပ်ချုပ်ရေးနယ်မြေအတွင်း ဖြစ်ပြီး ၆ ရက် ထက်မကြာအောင် နေထိုင်နိုင်မည်ဟု သိရပါသည်။