ဖေဖေါ်ဝါရီလ ၇ရက်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ လင်းကျန့်သည် ပုံမှန်သတင်းစာရှင်းလင်းပွဲကို ဦးစီးကျင်းပခဲ့ပါသည်။
ထိုင်းဝန်ကြီးချုပ် ပေတုန်တန်၏ တရုတ်နိုင်ငံ ခရီးစဉ်နှင့် အွန်လိုင်းလောင်းကစားနှင့် ဆက်သွယ်ရေး လိမ်လည်မှုများ တိုက်ဖျက်ရေး ကိစ္စနှင့် ပတ်သက်၍ ဖေဖော်ဝါရီလ ၆ရက်နေ့က သမ္မတ ရှီကျင့်ဖိန်၊ ဝန်ကြီးချုပ် လီချန် နှင့် ပြည်လုံးဆိုင်ရာ ပြည်သူ့ ကွန်ဂရက် အမြဲတမ်း ကော်မတီဥက္ကဋ္ဌ ကျော့လေ့ကျိတို့ သည် တရုတ်နိုင်ငံသို့ တရားဝင် လည်ပတ်ရန် ရောက်ရှိနေသော ထိုင်းဝန်ကြီးချုပ် Petonthan နှင့် အသီးသီးတွေ့ဆုံခဲ့ပြီး အွန်လိုင်း လောင်းကစား၊ ဆက်သွယ်ရေး လိမ်လည်မှုကို အားဖြည့် တိုက်ဖျက်ရေးနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ်ခဲ့သလို အရေးကြီးသည့် သဘောတူညီချက် ရရှိခဲ့ ကြောင်းလည်း လင်းကျန့်က ပြောကြားခဲ့ပါသည်။
ဒါ့အပြင် အွန်လိုင်း လောင်းကစားနှင့် ဆက်သွယ်ရေး လိမ်လည်မှုကို အတူရှင်းလင်းတိုက်ထုတ်ကြပြီး ပြည်သူများအတွက် အသက်နှင့်ဓနဥစ္စာလုံခြုံရေး နှင့် ဒေသတွင်းနိုင်ငံများအကြား ကူးလူးဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးစည်းစနစ်ကို ထိန်းသိမ်းစောင့်ရှောက်ရန် တရုတ်နိုင်ငံသည် ထိုင်း၊မြန်မာ စသောအိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုကို တက်ကြွစွာပြုလုပ်နေကြကြောင်းလည်း ပြောကြားခဲ့ပါသည်။