ထိုင်း-မြန်မာ နယ်စပ်ဒေသရှိ မြန်မာဒေသအား လျှပ်စစ်ဓါတ်အားကို ထိုင်းနိုင်ငံမှ တရားဝင် ဖြတ်တောက်

CGTN, February 12, 2025
Size:

ဒေသစံတော်ချိန် ဖေဖေါ်ဝါရီလ ၅ရက်နေ့က ထိုင်းနိုင်ငံအစိုးရ၏ဆုံးဖြတ်ချက်အရ ထိုနေ့ နံနက် ၉နာရီက ထိုင်းနိုင်ငံသည် ထိုင်း-မြန်မာ နယ်စပ်ရှိ မြန်မာဘက်ခြမ်း ဒေသတစ်ချို့အား အင်တာနက်၊ မီး နှင့် ဆီတို့ကို ဖြတ်တောက်ခဲ့ပါသည်။

၁၉၉၆ခုနှစ် ထိုင်းနိုင်ငံအစိုးရအဖွဲ့၏ဆုံးဖြတ်ချက်အရ ထိုင်းနိုင်ငံဒေသန္တရ လျှပ်စစ် ဓာတ်အားပေးဗျူရိုမှ အိမ်နီးချင်းနိုင်ငံရှိ ကျေးရွာများအား လျှပ်စစ်ဓါတ်အားရောင်းချခွင့်ပေးခဲ့ ကြောင်း၊ လက်ရှိအချိန်တွင် ထိုင်းနိုင်ငံ လျှပ်စစ် ဓာတ်အားပေးဗျူရိုသည် မြန်မာနိုင်ငံရှိ မြဝတီဒေသအပါအဝင် ဒေသ ၅ခုအတွက် လျှပ်စစ်ဓါတ်အားကို ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။