တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် တရုတ်နိုင်ငံသို့ အလည်အပတ် ရောက်ရှိနေတဲ့ ထိုင်း နိုင်ငံ ဝန်ကြီးချုပ် Petuntan အား ယခုလ ၆ရက်နေ့ ညနေပိုင်းက ဘေကျင်း ပြည်သူ့ ခန်းမဆောင်ကြီးတွင် တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း သတင်းအရ သိရသည်။
တွေ့ဆုံနှုတ်ဆက်ရာတွင် ရှီကျင့်ဖိန်က ယခုနှစ်သည် တရုတ်-ထိုင်း သံတမန် ဆက်ဆံရေး ထူထောင်ခဲ့သည့် နှစ် ၅၀ပြည့်မြောက်သည့် နှစ်နှင့် "တရုတ်-ထိုင်း ချစ်ကြည်ရေးထူထောင်ခြင်းရွှေရတုနှစ်" ဖြစ်ကြောင်း၊ နှစ်နိုင်ငံ အနေဖြင့် လက်တွဲ ညီညီ ချီတက်ပြီး တရုတ်-ထိုင်း ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ရေးကို လက်တွေ့ကျကျ နက်ရှိုင်းစွာ ဖော်ဆောင် ကာ နှစ်နိုင်ငံ ပြည်သူများ အတွက် ပိုမို ကောင်းမွန်စွာ အကျိုးပြု၍ ဒေသတွင်းနှင့် ကမ္ဘာအား ကောင်းမွန်သော အကျိုးရလဒ်များကို ရရှိစေသင့်ကြောင်း ပြောကြားခဲ့သည်။
Petuntanက ထိုင်းနိုင်ငံသည် တရုတ်ပြည် တစ်ပြည်တည်းသာရှိရေး မူဝါဒကို ခိုင်မာပြတ်သားစွာ စွဲကိုင်ထားပြီး တရုတ် နိုင်ငံနှင့် အတူ အဆင့်မြင့် ကူးလူးဖလှယ်မှုကို အားဖြည့်ဆောင်ရွက်ကာ အပြန်အလှန် ချိတ်ဆက်မှု၊ စီးပွားကုန်သွယ်ရေး၊ လယ်ယာ စိုက်ပျိုးရေး စသည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုများကို ရင်းနှီးစွာ ပြုလုပ်၍ ယဉ်ကျေးမှု ကူးလူးဖလှယ်ရေးကို တိုးမြှင့်ပြီး နောင်နှစ်ပေါင်း ၅၀အတွင်း ငြိမ်းချမ်းသာယာ ဝပြောမှုကို နှစ်နိုင်ငံ လက်တွဲ မျှဝေဆောင်ရွက်သွားဖို့ မျှော်လင့်ကြောင်း ပြောကြား ခဲ့သည်။