၂၀၂၄ ခုနှစ် လန်ချန်း-မဲခေါင် နိုင်ငံတကာ အနုပညာ ဒီဇိုင်းဆွဲပြိုင်ပွဲ စတင်ခြင်းကတည်းက လန်ချန်း-မဲခေါင် ၆ နိုင်ငံမှ တီထွင်ဖန်တီသူများ၏ စိတ်ဝင်းစားမှုနှင့် ပါဝင်မှုကို ခံရ၍ အနုပညာလက်ရာပေါင်းတစ်ထောင်ကျော်ကို လက်ခံရရှိသည်။ ဤတစ်ကြိမ်ပြိုင်ပွဲသည် ဆက်တိုက်ဖွံ့ဖြိုးတိုးတက်မှုကို ခေါင်းစဉ်အဖြစ် ချမှတ်ထားပြီး တီထွင်ဖန်တီးသူများ အနုပညာဖြင့် အစိမ်းရောင်အနာဂတ်ကို ထည့်သွင်းစဉ်းစားရန် တိုက်တွန်းသည်။ နိုင်ငံတကာ အကဲဖြတ်စိစစ်ရေးကော်မတီ၏ အကဲခတ်စိစစ်ခြင်းဖြင့် Cheng Yize ၏ “လန်ချန်း စွမ်းအင်ခရီး” ဟူသောလက်ရာက အကောင်းဆုံးအဖြစ် အရွေးခံပြီး ဆုငွေ ယွမ် ၂၀၀၀၀ ရရှိသည်။
ဤတစ်ကြိမ် ပြိုင်ပွဲ၏ ဆုရရှိသူစာရင်းလည်း စိတ်ဝင်းစားဖွယ်ကောင်းလှသည်။ “လန်ချန်း-မဲခေါင် အစိမ်းနုရောင်ဖြင့် အနာဂတ်ကို အတူတည်ထောင်” ဟူသော Wang Shengya နှင့် Gu Gengyun တို့၏လက်ရာသည် ပထမဆု ရရှိပြီး Chen Yuese ၏ ”အစိမ်းရောင်စွမ်းအင်သစ်၊ လန်ချန်း-မဲခေါင် အနာဂတ်သစ်”အပါအဝင် လက်ရာ ၁၀ ခုသည် ဒုတိယဆု ရရှိသည်။ တတိယဆု ရရှိသော လက်ရာ ၂၀ ရှိ၍ ကျန်လက်ရာ ၆၀ ကျော်သည် ထူးချွန်ဆု ရရှိသည်။
ဤတစ်ကြိမ်ပြိုင်ပွဲသည် ဖလှယ်ရန်နှင့် ပြသရန် ပလက်ဖောင်တစ်ခု ဖြစ်သည့်အပြင် နိုင်ငံဖြတ်ကျော်ပူးပေါင်းဆောင်ရွက်ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွေးအခေါ်ကို မြှင့်တင်သည့် အရေးကြီးလမ်းကြောင်းလည်း ဖြစ်သည်။ ပါဝင်ယှဉ်ပြိုင်သော အနုပညာလက်ရာများသည် ဆန်းကြယ်သောရှုထောင့်နှင့် ဖန်တီးမှုကို ဖော်ပြပြီး တစ်ကမ္ဘာလုံး အစိမ်းရောင်နှင့် ဖွံ့ဖြိုးတိုးတက်သောတိုက်တွန်းမှုနှင့်လည်း ကိုက်ညီသည်။
၂၀၂၄ ခုနှစ် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံတကာ အနုပညာ ဒီဇိုင်းဆွဲပြိုင်ပွဲသည် အဖွဲ့အစည်းများစွာ ပူးတွဲကျင်းပသောပြိုင်ပွဲ ဖြစ်၍ ၂၀၂၀ ပြည့်နှစ်တွင် စတင်ကျင်းပလာ၍ လန်ချန်း-မဲခေါင်ဒေသတွင် နာမည်ကျော်ကြားသောအနုပညာပြိုင်ပွဲ ဖြစ်လာသည်။