ဖေဖော်ဝါရီလ ၇ ရက်နေ့ ညနေပိုင်းတွင် ဟေလုံးကျန်းပြည်နယ် ဟာဘင်မြို့တွင် နဝမအကြိမ်မြောက် အာရှဆောင်းရာသီ အားကစား ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ခမ်းနားထည်ဝါစွာ ကျင်းပခဲ့ပါသည်။ အဆိုပါ ဖွင့်ပွဲ အခမ်းအနားသို့ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် တက်ရောက် ဖွင့်လှစ်ပေးခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ ဘရူနိုင်းနိုင်ငံ ဘုရင် Sultan Hassanal ၊ ကာဂျစ္စတန်နိုင်ငံသမ္မတ Zaparov နှင့် ဇနီး Japarova ၊ ပါကစ္စတန်နိုင်ငံသမ္မတ Zardari ၊ ထိုင်းနိုင်ငံ ဝန်ကြီးချုပ် Petuntan ၊ တောင်ကိုရီးယားအမျိုးသားလွှတ်တော်ဥက္ကဋ္ဌ Woo Won-shik နှင့် ဇနီး Shin Kyung-hye တို့အပါအဝင် နိုင်ငံတကာဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။