မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက ဇန်နဝါရီလ ၂၃ ရက်တွင် ရန်ကုန်မြို့၌ ၂၀၂၅ ခုနှစ် ”ပျော်ရွှင်စရာ နွေဦးပွဲတော်”အခမ်းအနား ကျင်းပခဲ့ရာ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Ms.Ma Jia၊ မြန်မာနိုင်ငံ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံတော်ဝန်ကြီးချုပ်ရုံး ပြည်တောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း စသည့် မြန်မာနိုင်ငံအစိုးရအဆင့်မြင့်အရာရှိများ၊ မြန်မာနိုင်ငံအခြေစိုက်နိုင်ငံအသီးသီးမှ သံတမန်များ၊ မြန်မာနိုင်ငံရှိ တရုတ်နွယ်ဖွားများ၊ တရုတ်လုပ်ငန်းအဖွဲ့အစည်းများ၊ ပညာတော်သင်များ၊ မြန်မာနိုင်ငံနယ်ပယ်အသီးသီးမှ မိတ်ဆွေများ စသည့် လူဦးရေ ၁,၀၀၀ ကျော် ပျော်ရွှင်စွာ စုစည်းပြီး တရုတ်နှစ်သစ်ကူးကို အတူဆင်နွှဲခဲ့ကြပါသည်။