GESCလှိုင်သာယာ ကျောင်းခွဲတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ဒြပ်မဲ့ယဉ်ကျေးမှုအကြောင်းများသိကောင်းစရာ ဟောပြောပွဲကျင်းပ

CGTN, January 26, 2025
Size:

ဒြပ်မဲ့ယဉ်ကျေးမှုအကြောင်းများသိကောင်းစရာ ဟောပြောပွဲကို ဇန်နဝါရီ ၁၉ ရက်က ရန်ကုန် တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်ရှိ GESC ကျောင်းခွဲတွင် ကျင်းပခဲ့ကြောင်း သိရပါတယ်။

အဆိုပါ ဟောပြောပွဲတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ တာဝန်ရှိသူက ဒြပ်မဲ့ယဉ် ကျေးမှုအကြောင်းများသိကောင်းစရာခေါင်းစဉ်ဖြင့် တရုတ်နိုင်ငံ၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအ နှစ်များအကြောင်းနှင့် ပတ်သက်ပြီး ဟောပြောခဲ့ကြောင်း သိရပါတယ်။

ပွဲသို့တက်ရောက်ခဲ့ကြ‌သော ကျောင်းသား/သူများကို တရုတ်နိုင်ငံသံရုံး၏ တာဝန်ရှိသူ မြန်မာ နိုင်ငံဆိုင်ရာတရုတ်သံရုံးမှ ယဉ်ကျေးမှုသံမှူး Mr. Li Qianguo နှင့် China Media Group Ms. Zhang Xiaoning တို့က ပြင်ပဗဟုသုတရစရာ အကြောင်းအရာများကို‌ ဝေမျှပြောကြားပြီး၊ မေးခွန်းများစွာကို အပြန်အလှန်မေးမြန်းကာ အပျော်တမ်းဂိမ်းကစားခြင်းများ ပြုလုပ်ကာ အဖြေမှန်‌သောကျောင်းသား/သူလေးများကို အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြင့်ပေးခဲ့ကြောင်း သိရပါတယ်။

တရုတ်နိုင်ငံ၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များအကြောင်း လာရောက်ဟောပြောပေးသော မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ ယဉ်ကျေးမှုသံမှူး Mr. Li Qianguo နှင့် China Media Group Ms. Zhang Xiaoning တို့အား ကျောင်းခွဲတာဝန်ရှိသူများက ၎င်းတို့၏ GESC ၏ လှိုင်သာယာ ကျောင်းခွဲလူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့်ကျေးဇူးတင်ကြောင်း ဖော်ပြခဲ့တယ်လို့ သိရပါတယ်။