ဇန်နဝါရီလ ၂၁ ရက်နေ့တွင် လန်ချန်း-မဲခေါင် ဥပဒေ ကျင့်သုံးရေး ပူးပေါင်း ဆောင်ရွက်မှုစင်တာသည် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့၌ "စင်ရော်" အမည်ဖြစ်သည့် ပူးတွဲဆောင်ရွက်မှု စုပေါင်းသုံးသပ်ရေး အစည်းအဝေးကို ကျင်းပခဲ့သည်။ ကမ္ဘာဒီးယားနိုင်ငံ ပြည်ထဲရေး ဝန်ကြီးဌာန၊ တရုတ်ပြည်သူ့ လုံခြုံရေးဝန်ကြီးဌာန၊ လာအိုနိုင်ငံ ပြည်သူ့ လုံခြုံရေး ဝန်ကြီးဌာနနှင့် ကာကွယ်ရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ပြည်ထဲရေး ဝန်ကြီးဌာန၊ ထိုင်းနိုင်ငံ ဘုရင့်ရဲဌာန၊ ဗီယက်နမ်နိုင်ငံ ပြည်သူ့ လုံခြုံရေးဝန်ကြီး ဌာနတို့မှ ကိုယ်စားလှယ် အဖွဲ့များ အစည်းအဝေးသို့ တက်ရောက်ခဲ့ကြကာ ဖိတ်ကြားချက်အရ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုကျူးလွန်မှုရေးရာရုံး၊ အာဆီယံ ရဲအဖွဲ့အစည်း စသည့် နိုင်ငံတကာ အဖွဲ့အစည်းများသည်လည်း အစည်းအဝေးသို့ တက်ရောက်ခဲ့ကြပါသည်။
ယခုနှစ် သင့်လျော်သည့်အချိန်တွင် လန်ချန်း-မဲခေါင် ဥပဒေ ကျင့်သုံးရေး ပူးပေါင်း ဆောင်ရွက်မှုစင်တာသည် ဒုတိယ အဆင့်ကာလ "စင်ရော်" ပူးတွဲ ဆောင်ရွက်မှုကို ကျင့်သုံးမည် ဖြစ်ပြီး အွန်လိုင်း လိမ်လည်မှုနှင့် ဆက်စပ် ပြစ်မှုကျူးလွန်မှုများကို ဆက်လက် အလေးထား တိုက်ဖျက်မည် ဖြစ်ကာ အထူးသဖြင့် နိုင်ငံအသီးသီးမှ ပျောက်ဆုံးနေသူ၊ ချုပ်နှောင်ခံရသူများကို အစွမ်းကုန် ကယ်တင်ပေးမည် ဖြစ်ကာ ဒေသတွင်း နိုင်ငံအသီးသီးမှ ပြည်သူများ၏ အသက် စည်းစိမ် လုံခြုံရေးနှင့် ဒေသတွင်း လုံခြုံတည်ငြိမ်ရေးကို ထိရောက်စွာ ထိန်းသိမ်းကာကွယ်သွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။